အိန္ဒိယနိုင်ငံသို့ မြန်မာ့ကွမ်းသီးခြောက် တန်ချိန် ၂၀၀ လစဉ် တင်ပို့ရန် သဘောတူလက်မှတ်ရေးထိုးထား

0
187

မြန်မာ့ ကွမ်းသီးခြောက်များကို လစဉ်တန်ချိန် ၂၀၀ ခန့်အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် နှစ်နိုင်ငံသဘောတူညီမှု လက်မှတ်ရေးထိုးထားကြောင်း မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရသည်။

မြန်မာ့ကွမ်းသီးခြောက်များကို လစဉ် တန်ချိန်ရာနှင့်ချီကာ ဝယ်ယူလိုကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် Lax Corporati on Co,ltd မှ ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လစဉ်တန်ချိန် ၂၀၀ ခန့် တင်ပို့သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် နမူနာပုံစံများ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပို့ရန် ပြီးခဲ့သည့်လက သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး တင်ပို့မည့်ပုံစံ၊တင်ပို့ရမည့်နေရာ၊ဈေးနှုန်း၊ ငွေပေးချေမှုပုံစံများကို ညှိနှိုင်း‌ဆောင်ရွက်နေကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကွမ်းသီးစိုက် ဧက (၂၅၃၃၇၀) ဧကရှိပြီး တန်ချိန် နှစ်သိန်းသုံးသောင်းခန့်ထွက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် တန်ချိန် ၉၀၀၀၀ ဖြင့် အများဆုံးထွက်ရှိပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တန်ချိန် ၈၀၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံး ထွက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကွမ်းသီးတန်ချိန် နှစ်သိန်းသုံးသောင်းခန့်ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေသော ကုန်ပစ္စည်းအမယ်ဖြစ်သည့်အပြင် ပြည်ပဝယ်လိုအားရှိသည့် ကုန်ပစ္စည်းအမယ်လည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here