အောင်မြေသာစံမြို့နယ်၊ စည်သာလမ်း၌ ယနေ့နံနက် အစောပိုင်းတ Level – 1 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

0
166

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ စည်သာလမ်းရှိ နေအိမ်အချို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် Level – 1 အဆင့်ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

မတ်လ (၅) ရက် နံနက် (၄)နာရီ (၃၅)မိနစ်အချိန်ခန့်ကအောင်မြေသာစံမြို့နယ်၊ ပုသ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ (၄)လမ်းနှင့် (၅)လမ်းကြား၊ စည်သာလမ်းတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ Level -1 အဆင့် မီးငြှိမ်းသတ်ယာဉ် အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ရာ မိနစ် (၂၀)ခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၄)နာရီ (၅၀)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၄)နာရီ (၅၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ(၄)ရက် ညနေ (၃)နာရီ (၅၈)မိနစ်အချိန်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ (၄၈) လမ်းနှင့် (၄၉) လမ်း မနော်ဟရီလမ်းပေါ်ရှိ “လိုတရ” ဓါတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အဆိုပါ ဓါတ်ဆီဆိုင် မီးလောင်မှုမှာ ဆီဘောက်ဆာ ကားမှ ဆီချနေစဉ် မတော်တဆ မီးပွားကျကာ ကူးစက် လောင်ကျွမ်းခဲ့ရခြင်းဖြစ်ပြီး သိန်းသောင်းကျော်တန် ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here