မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ သန်း ၃၀၀ ကျော်တိုးလာ

0
214

ယခုဘဏ္ဍာနှစ်၏ (၁၁) လတာကာလအတွင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သန်း ၃၀၀ ကျော်တိုးလာကြောင်း စီး/ ကူး ၏ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ (၁)ရက်မှ ဖေဖော်ဝါရီ လ (၂၃) ရက်အထိ မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိထားပြီး ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇ ဘီလီယံကျော်ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလတွင် မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံကျော်ရရှိထား နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၃၄၈ ဒသမ ၉၀၄ သန်းပိုမိုရရှိခဲ့ကြောင်း သိရသည်။

ယခင်က တရုတ်ဘက်သို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ တရုတ်နိုင်ငံသို့ တင်ပို့ကာ သွင်းကုန်တင်သွင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာအစရှိသည့် ပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ ယာဉ်အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။

တရုတ် – မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိူင်းတုံနယ်စပ်ကုန်သွယ်ရေးများဖြစ်ပြီး ကုန်သွယ်မှု အများဆုံးပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here