လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရယူရန် စောင့်ဆိုင်းနေသော ပါလက်စတိုင်းဒေသခံများကို အစ္စရေးစစ်တပ် ထပ်မံပစ်ခတ်တိုက်ခိုက်ပြန်

0
256

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ဖြန့်ဝေပေးသည့်နေရာတွင် ယင်းတို့ကို ရယူရန်အတွက် စောင့်ဆိုင်းနေသော ပါလက်စတိုင်းများကို အစ္စရေးစစ်တပ်က ထပ်မံပစ်ခတ်တိုက်ခိုက်ပြန်ကြောင်း ပါလက်စတိုင်းနယ်မြေ အစိုးရသတင်းထုတ်ပြန်ချက်အရ သိရသည်။

*ဂါဇာကမ်းမြှောင်ဒေသ Salah al-Din လမ်းမကြီးပေါ်ရှိ ကူဝိတ်လမ်းဆုံ၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများရယူရန် စောင့်ဆိုင်းနေကြသော ပါလက်စတိုင်းအရပ်သားများအား အစ္စရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ကြောင်း အစိုးရပြန်ကြားရေးရုံးက ၎င်း၏တရားဝင် Telegram ရုပ်သံချယ်နယ်တွင် ပြောကြားခဲ့သည်။ ‌ေ-သဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်ကိုမူ အတိအကျမသိရသေးချေ။

ပထမဆုံး တိုက်ခိုက်မှုမှာ ဂါဇာမြို့တော် Al-Nablusi ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၉ ရက်က ဖြစ်ပြီး စားနပ်ရိက္ခာပေးဝေမှုကို စောင့်ဆိုင်းနေကြသည့် ပါလက်စတိုင်းအရပ်သား အနည်းဆုံး လူ ၁၁၂ ဦး ‌ေ-သဆုံးပြီး ၇၆၀ ဦး ဒဏ်ရာရရှိခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီကို စောင့်ဆိုင်းနေသူများအား အစ္စရေးစစ်တပ်က ယခုကဲ့သို့ ထပ်ခါတလဲလဲ တိုက်ခိုက်နေမည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများကို ရပ်ဆိုင်းသွားမည်ဟု ဟားမတ်စ်အဖွဲ့က ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် လက်နက်ကိုင်ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန်နှင့် ဘေးသင့်နေမှုများကို ကာကွယ်ရန်အတွက် အကူအညီ အနည်းဆုံး ထရပ်ကားအစီးရေ ၁,၀၀၀ခန့်အပြည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လိုအပ်ကြောင်း ပါလက်စတိုင်းအစိုးရပြန်ကြားရေးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here