ဖားကန့်တွင် ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး မြေစာသွန်ချိန် ကျောက်ခဲထိမှန်၍ ‌ေ-သဆုံး

0
189

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ မြေစာပုံတစ်ခု၌ ယမန်နေ့ မတ်လ(၄)ရက် နံနက်ပိုင်းက ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး မြေစာသွန်ချိန်ကျောက်ခဲထိမှန်၍ ‌ေ-သဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ခဲထိမှန် ‌ေ-သဆုံးသူ အမျိုးသားမှာ အသက် (၃၀) အရွယ် ဝန်းကျင်ခန့်ရှိသူဖြစ်ပြီး မြေစာသွန်ချချိန် ကျလာသည့်မြေစာများအတွင်းမှ ကျောက်ခံထိမှန် ‌ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အပေါ်ကနေ‌ မြေစာသွန်ချတဲ့ အချိန် မြေစာထဲ ပါလာတဲ့ကျောက်ခဲက ခေါင်းကို မှန်ပြီး ‌ေ-သသွားတာပါ။ ရေမဆေးသမားတွေက မြေစာကားလာချတဲ့ အထဲကနေ ကျောက်ရှာရတာ။ အန္တရာယ်အရမ်းများပါတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ စသည့်မှော်ဒေသများတွင် နေ့ရောညပါ ကျောက်တူး၊ ကျောက်ရှာ၊ ကျောက်ဝယ်သူများမှာ တစ်ရက်လျှင် ရာနှင့်ချီရှိနေကြကြောင်း သိရသည်။

ကချင်ပြည်နယ် ၊ ဖားကန်မြို့နယ်အတွင်းမှ ကျောက်စိမ်းထွက်ရှိရာ လုပ်ကွက်များတွင် ကျောက်စိမ်း တူးဖော်ခြင်း၊ ရေမဆေးကျောက်ရှာဖွေခြင်းများကို လူပေါင်းများစွာ လုပ်ကိုင်နေကြခြင်းလည်း ဖြစ်သည်။

ထိုသို့ လုပ်ကိုင်နေကြသူများမှာ မြေစာပုံပြိုခြင်း၊ နွံအိုင်ပြိုခြင်း၊ နွံအိုင်ပေါက်ခြင်းကြောင့် ကြုံတွေ့ရမည့် အသက်အန္တရာယ်ကို သတိထား လုပ်ကိုင်နေကြရခြင်းဖြစ်ပြီး မြေစာပုံပြိုခြင်း၊ နွံအိုင်ပြိုခြင်း၊ နွံအိုင်ပေါက်ခြင်းတို့ကြောင့် နှစ်စဉ် ရေမဆေးရှာဖွေသူ ဆယ်နှင့်ချီ‌ေ-သဆုံးရလျက် ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here