မော်လမြိုင်နှင့် ကျိုက်မရောတွင် နှစ်ရက်အတွင်း တောမီးလောင်ကျွမ်းမှု (၃)ကြိမ်တိုင်ဖြစ်ပွားခဲ့

0
301

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နှစ်ရက်အတွင်း တောမီးလောင်ကျွမ်းမှု သုံးကြိမ်တိုင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခု မတ်လ (၂) ရက်နှင့် (၃)ရက် မွန်းလွှဲပိုင်းတို့တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေး အဖွဲ့များမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မတ်လ (၃) ရက် (၃)နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ တောင်ရိုးတန်း Viewpoint အောက်ဘက်တွင် တောမီးလောင်ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေးအဖွဲ့များ ပူးပေါင်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့အတူ မတ်လ (၂)ရက် မွန်းလွှဲပိုင်း (၄)နာရီအချိန်ခန့်ကလည်း မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်၊ သုခဝတီလမ်းကမ်းနားဘက်တွင် ကိုင်းတော မီးလောင်ကျွမ်းမှု တစ်ကြိမ်၊ ယင်းနေ့ မွန်းလွှဲပိုင်း(၃)နာရီအချိန်ခန့်တွင် ကျိုက်မရောမြို့နယ်၊ ဘာဘူးကုန်းကျေးရွာ ရာဘာခြံအနောက်ဘက်တွင် တောမီးလောင်ကျွမ်းမှု တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ (၂) လတာကာလအတွင်း မီးလောင်ကျွမ်းမှု (၂၅၁) ကြိမ်ဖြစ်ပွားထားပြီး ယင်းအနက် တောမီးအပါအဝင် ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှာ (၆၁)ကြိမ်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဖော်ပြထားသော မီးလောင်ကျွမ်းမှုနှင့်ပတ်သက်သည့် စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here