ရွှေပြည်သာ ဝါးတစ်ရာ စက်မှုဇုန်ရှိ စက်ရုံဝန်းတစ်ခုအတွင်း စုပုံထားသော ဂတ်ထူစက္ကူပုံး အဟောင်းများ မီးလောင်မှုဖြစ်ပွား

0
224

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်အတွင်းရှိ ရာစက်ရုံဝန်းတစ်ခုအတွင်း စုပုံထားသော ဂတ်ထူစက္ကူပုံးအဟောင်းများ မီးလောင်မှုဖြစ်ပွားရာ အချိန်(၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မတ်လ (၅) ရက်၊ နေ့လည် (၁၂)နာရီ (၂၉)မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်အတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ သွားရောက်ခဲ့ရာ စက်ရုံဝန်းအတွင်း စုပုံထားသော ဂတ်ထူစက္ကူပုံးအဟောင်းများ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ထိုသို့ သိရှိရသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ (၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရပြီး နေ့လည် (၁၂)နာရီ (၄၉)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နေ့လည် (၁)နာရီ (၂၈)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here