အသေးသုံးနိုင်ငံခြားငွေ ဝယ်ယူနိုင်ရန် KBZ၊ AYA နှင့် UAB ဘဏ်ခွဲများတွင်ရောင်းချပေးနေ

0
184

ပြည်ပသို့ ထွက်ခွာမည့်သူများအား အသေးသုံး နိုင်ငံခြားငွေများ ရောင်းချပေးလျက်ရာ ယခုအခါ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ KBZ၊ AYA နှင့် UAB ဘဏ်ခွဲများမှတဆင့် အထူးအစီအစဉ်ဖြင့် ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ ငွေလဲကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုမည့်သူ၊ ပညာတော်သင်သွားရောက်မည့်သူ ဘုရားဖူးထွက်ခွာသူနှင့် ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများကို အသေးသုံး နိုင်ငံခြားငွေများ ထုတ်ရောင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ အထူးအစီအစဉ်အနေဖြင့် ကမ္ဘောဇဘဏ်၏ ရန်ကုန်မြို့တွင် (၉) မိုင်ဘဏ်ခွဲ၊ ဦးဝိစာရလမ်း (၂) ဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်(ဆိုက်ရောက်) တို့တွင်လည်းကောင်း၊ မန္တလေးမြို့တွင် IBD ဘဏ်ခွဲ၊(၂၂)လမ်းဘဏ်ခွဲ၊ ဘဏ်ခွဲ (၄) တို့တွင်လည်းကောင်း၊ နေပြည်တော်တွင် ဘဏ်ခွဲ (၅)နှင့် တောင်ကြီးမြို့တွင် ဘဏ်ခွဲ (၁) တို့၌ ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အတူ ဧရာဝတီဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် ရန်ကုန်လေဆိပ်၊ ပါရမီဘဏ်ခွဲ၊ ကျောက်တံတားဘဏ်ခွဲ၊ အလုံဘဏ်ခွဲ၊ မရမ်းကုန်းဘဏ်ခွဲတို့တွင်လည်းကောင်း၊ မန္တလေးမြို့တွင် လမ်း (၃၀) ဘဏ်ခွဲ၊ (၂၂) လမ်းဘဏ်ခွဲနှင့် နေပြည်တော်ဘဏ်ခွဲတို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ UAB ဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် စမ်းချောင်းဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်၊ ရွှေဂုံတိုင်ဘဏ်ခွဲ၊ သိမ်ဖြူဘဏ်ခွဲ တို့တွင်လည်းကောင်း၊ မန္တလေးမြို့တွင် (၈၄) လမ်းဘဏ်ခွဲ၊ ဆိုင်းတန်းဘဏ်ခွဲ၊ ဒိုင်းမွန်းဘဏ်ခွဲနှင့် နေပြည်တော်ဘဏ်ခွဲတို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ပြည်ပသို့ အမှန်တကယ် ထွက်ခွာမည့်သူများ အသေးသုံးနိုင်ငံခြားငွေ ငွေသားဝယ်ယူခြင်းအတွက် လေဆိပ်ကောင်တာများအပြင် AD လိုင်စင်ရ ပြင်ပဘဏ်များဖြစ်သည့် CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊ AYA Bank PCL ၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာ ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်နှင့် ‌ဧရာဝတီတောင်သူလယ်သမားများ ဖွံဖြိုးရေးဘဏ်လီမိတက်ဘဏ်တို့တွင်လည်း ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here