ပြည်လမ်းပေါ်တွင် စိမ်းစားဥများ တင်ဆောင်လာသော ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အား ဝင်တိုက်၊ ယာဉ်မောင်း ဒဏ်ရာရ

0
132

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပြည်လမ်းမကြီးပေါ်တွင် လိုက်ထရပ် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိရာမှ ယာဉ်မောင်း အမျိုးသားမှာ ကားခေါင်းခန်းအတွင်းည-ပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

မတ်လ (၅)ရက်၊ နေ့လယ် (၁)နာရီခွဲအချိန်ခန့်က အင်းစိန်မြို့နယ်၊ ပြည်လမ်းမကြီးပေါ်ရှိ ထန်းပင်ကုန်းလမ်းဆုံ၊ မီးပွိုင့်အနီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စိမ်းစားဥကုန်များ တင်ဆောင်လာသော လိုက်ထရပ် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပလပ်ဖောင်းကျော်ကာ လမ်းမီးဓာတ်တိုင်အား ဝင်တိုက်သည့် အရှိန်ကြောင့် ကားဦးခေါင်းခန်းတွင် အသက် (၄၀)ခန့် ယာဉ်မောင်း အမျိုးသား ည-ပ်နေရာ ကယ်ထုတ်ခဲ့ရပြီး ညာခြေထောက်ကျိုး (မစိုးရိမ်ရ)ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“လိုက်ထရပ်က ခရေပင်လမ်းခွဲဘက်ကနေ မောင်းလာတာ၊ ယာဉ်မောင်း တစ်ယောက်တည်းပါပဲ။ ယာဉ်မတော်တဆဖြစ်ပြီး ခေါင်းခန်းထဲ ည-ပ်နေလို့ ကယ်ထုတ်ပြီး လိုအပ်တဲ့ မြေပြင်ဆေးကုသပေးပြီး အင်းစိန်ပြည်သူ့ ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့က ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်းအမျိုးသားကို ရှေးဦးပြုစုမှုများလုပ်ဆောင်ပေးကာ အချိန်မီ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here