ယီမင်ရှိ ဟူသီများက အာရေဗျပင်လယ်အတွင်း၌ အစ္စရေးသင်္ဘောအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့

0
144

ကိုင်ရို၊မတ် ၅

ဟူသီစစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ၎င်းတို့အီရန်မဟာမိတ်အဖွဲ့သည် အာရေဗျပင်လယ်အတွင်း “အစ္စရေးသင်္ဘော MSC SKY” ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ဟူသီစစ်သွေးကြွများသည် ဂါဇာရှိ အစ္စရေး၏စစ်ရေးဆောင်ရွက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ပါလက်စတိုင်းများနှင့် ညီညွတ်စွာရပ်တည်ဆောင်ရွက်နေကြောင်းပြသကာ နိုဝင်ဘာလလယ်ကတည်းက နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းမှ သင်္ဘောများအား ဒရုန်းများ၊ဒုံးကျည်များဖြင့် အကြိမ်ကြိမ်ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

ဟူသီတို့၏ပင်လယ်နီအတွင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးလမ်းကြောင်းရှိသင်္ဘောများကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကုန်သွယ်ရေးကုမ္ပဏီများသည် အာဖရိကတောင်ပိုင်းတစ်ဝိုက်တွင် ခရီးစဉ်ပိုရှည်ပြီးပိုဈေးကြီးသော လမ်းကြောင်းများကိုပြောင်းသုံးရသည်အထိဖြစ်လာခဲ့သည်။

ယင်းအပြင်အစ္စရေးနှင့်ဟားမတ်စ်စစ်ပွဲသည် အရှေ့အလယ်ပိုင်းကို မတည်မငြိမ်ဖြစ်စေမှု ယခုထက်ပိုဆိုးလာမည်ကိုလည်းစိုးရိမ်မှုများဖြစ်စေခဲ့သည်။

အမေရိကနှင့်ဗြိတိန်တို့သည် ပင်လယ်နီသင်္ဘောများအား ဟူသီတို့၏တိုက်ခိုက်မှုအတွက် ယီမင်ရှိ ဟူသီပစ်မှတ်များအား လက်တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီလကစ၍ စတင်တုန့်ပြန်တိုက်ခိုက်ခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here