ဆန္ဒပြမှု အရှိန်မြှင့်ရန်အတွက် အိန္ဒိယ လယ်သမားများ ဒေလီမြို့အတွင်း ဝင်ရောက်ဖို့ ပြင်ဆင်

0
144

အိန္ဒိယ လယ်သမားတွေဟာ သူတို့ရဲ့ ဆန္ဒပြမှု အရှိန်မြှင့်တင်ဖို့အတွက် ဗုဒ္ဓဟူးနေ့(မတ် ၆) နေ့မှစကာ မြို့တော် နယူးဒေလီမြို့တွင်းကို ဘတ်စ်ကား၊ မီးရထားတို့နဲ့ ဝင်ရောက်ဖို့ ပြင်ဆင်နေကြောင်း သိရပြီး လက်ရှိမှာ လယ်ထွန်စက်တွေနဲ့ ပိတ်ဆို့ထားတဲ့ သူတို့ရဲ့ နယ်နိမိတ်နေရာတွေမှာ ဆန္ဒပြသူ အရေ အတွက်တိုးမြင့်လာစေခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ “ဒေလီကို ချီတက်ကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြီးခဲ့တဲ့လမှစတင်ကာ ချီတက်လာခဲ့ကြခြင်း ဖြစ်ပေမယ့် မြို့တော်နဲ့ ၂၀၀ ကီလိုမီတာခန့်အကွာမှာ ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေသုံးကာ ဟန့်တားပိတ်ဆို့ ခံခဲ့ရပါတယ်။

သီးနှံဈေးနှုန်းတွေ မြှင့်ပေးဖို့ တောင်းဆိုနေကြတဲ့ လယ်သမားတွေဟာ အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် သူတို့ရဲ့ ဆန္ဒပြမှုကို အရှိန်မြှင့်ခဲ့ကြပါတယ်။

တောင်ပိုင်း ကီရာလာပြည်နယ်နဲ့ အခြားပြည်နယ်အသီးသီးမှ လယ်သမားတွေဟာ အိန္ဒိယအလယ်ပိုင်း Madhya Pradesh ကို ချီတက်ခဲ့ကြပြီးနောက် ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ ဗုဒ္ဓဟူးနေ့မှာ နယူးဒေလီကို ရောက်ရှိကြမှာဖြစ်တယ်လို့ လယ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရာမန်ဒိပ် ဆင်းမန်းက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။

ပန်ဂျပ်နဲ့ ဟာယန်နာက လယ်သမားတွေဟာလည်း လက်ထွန်စက်တွေနဲ့ လက်ရှိ ဆန္ဒပြရာ နေရာတွေမှာ ဆက်လက်ဆန္ဒပြကြမှာဖြစ်ပြီး သူတို့ဟာ လယ်ထွန်စက်တွေနဲ့ပဲ နယူးဒေလီကို စင်ဖို့ကြိုးစားကြလိမ့်မယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

အဓိကအားဖြင့် ပန်ဂျပ်နဲ့ ဟာယန်နာပြည်နယ်တွေကဖြစ်တဲ့ ထောင်နဲ့ချီသော လယ်သမားတွေဟာ လယ်ထွန်စက် ၃၀၀၀ ဝန်းကျင်နဲ့အတူ ချီတက်ခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ အရန်တပ်တွေက နေရာသုံးခုမှာ အတားအဆီးတွေချကာ ပိတ်ဆို့ဟန့်တားထားခဲ့တာဖြစ်ပါတယ်။

ဒရုန်းတွေကနေ မျက်ရည်ယိုဗုံးကြဲချခြင်း၊ ဝါးရင်းတုတ်တွေနဲ့ ရိုက်နှက်ခြင်းအပါအဝင် လယ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွေဟာ ရုပ်သံတွေမှာ ရက်အတော်ကြာ တွေ့နေခဲ့ရပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွေအတွင်း ဆန္ဒပြသူ တစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း လယ်သမားတွေက ပြောဆိုပြီး နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရသူတွေ ဒါဇင်ချီရှိခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြလယ်သမားတွေဟာ မတ်လ ၁၀ ရက်နေ့မှာ တစ်နိုင်ငံလုံးက မီးရထားလမ်းကြောင်းတွေကို ပိတ်ဆို့သွားမှာဖြစ်တယ်လို့လည်း မန်းက ပြောကြားခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here