မြစ်ကြီးနား ယူနန်ဘုံကျောင်းလမ်းဆုံတွင် ကုန်တင်ယာဉ်နှင့် အိမ်စီးကား တိုက်မိမှုဖြစ်ပွား

0
134

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ ယူနန်ဘုံကျောင်းလမ်းဆုံတွင် ယနေ့ မတ်လ (၅)ရက် နံနက်ပိုင်းက ကုန်တင်ယာဉ်နှင့် အိမ်စီးကားတစ်စီးတို့ တိုက်မိခဲ့ရာ ကုန်တ င်ယာဉ်တိမ်းမှောက်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက်သွားသော ကုန်တင်ယာဉ်မှာ ကုမ္ပဏီပ စ္စည်း ပို့ဆောင်သည့် ယာဉ်ဖြစ်ပြီး အမျိုးသမီးတစ်ဦး မော င်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။

” ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် မရကြပါဘူး။ ကုန်တင်ယာဉ်က မိန်းကလေးတွေ မောင်းလာတာလို့တော့ သိရပါတ ယ်”ဟု ဧရာဝတီဂရုဏာလူမှုကယ် ဆယ်ရေးအသင်းတာဝန် ရှိသူက ပြော သည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ စည်ပင်သာယာလမ်းအတိုင်း ယုဇနရပ်ကွက်မှ မြို့သစ်ရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် တိုယိုတာ NOAH ကားမှ ရွှေတောင်ကြားလမ်းအတိုင်း မောင်းနှင်လာသည့် ကုမ္ပဏီကုန်တင်ယာဉ်အား ဝင်တိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း (၁၈၀) မှု၊ ဒဏ်ရာရရှိသူ (၁၉၈) ဦးနှင့် သေ ဆုံးသူ (၁၂၇) ဦး ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here