ဟနွိုင်းသည် လေထုညစ်ညမ်းမှုအများဆုံးမြို့များစာရင်း၌ ထိပ်ဆုံးမှရပ်တည်

0
166

ဟနွိုင်း၊မတ် ၅

ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းသည် မတ်လ ၅ ရက်၊အင်္ဂါနေ့၌ လေထုညစ်ညမ်းမှုအများဆုံးမြို့များစာရင်းတွင် ထိပ်ဆုံးမှရပ်တည်နေပြီး လေထုညစ်ညမ်းမှုအများဆုံးဖြစ်ပေါ်နေကာ မြို့တော်ရှိလူပေါင်းကိုးသန်းသည် အဆိပ်ပါသောလေအားရှူရှိုက်နေကြရကြောင်းသိရသည်။

အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲသို့ရောက်နိုင်သည်အထိသေးငယ်ပြီး ကင်ဆာရောဂါဖြစ်စေနိုင်သည့် PM 2.5 ပါဝင်နှုန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နှစ်စဉ်သတ်မှတ်ချက်ထက် ၂၄ ဆအထိမြင့်တက်နေသည်ဟုလည်းသိရသည်။

ဗီယက်နမ်၏မြို့တော်ဟနွိုင်းသည် နေ့စဉ်ဖြတ်သန်းသွားလာနေသော မော်တော်ဆိုင်ကယ်များနှင့်မော်တော်ယာဉ်များ၊ဆောက်လုပ်ရေးလုပ်ငန်းများမှ ဓါတ်ငွေ့များထုတ်လွှတ်မှုများကြောင့် မကြာသေးမီနှစ်များအတွင်းက ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့များစာရင်းတွင် ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။

“လေထုညစ်ညမ်းမှုတွေ အရမ်းဆိုးလာလို့ အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ရပါတယ်၊အသက်ရှူရလည်းခက်သလို တစ်ချိန်လုံးနှာချေနေတာကြောင့် အပြင်ထွက်ချိန်ကိုလျှော့ချသတ်မှတ်ပြီးထွက်ရပါတယ်” ဟုလည်းဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်လကလည်း ဟနွိုင်းတွင်စိုထိုင်းဆများသည့် မြူများထူထပ်စွာကျဆင်းပြီး လေထုညစ်ညမ်းမှုများမြင့်တက်လာကာ မြင်နိုင်စွမ်းလျော့နည်းသွားသည့်အတွက် ဒါဇင်နှင့်ချီသောလေကြောင်းခရီးစဉ်များကိုထိခိုက်ခဲ့သေးသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here