၁၀လ အတွင်း ပျားရည် ဒေါ်လာ ၂သန်းခွဲ ဖိုး တင်ပို့ရောင်းချထား

0
142

ပြည်တွင်း၌ ထွက်ရှိသော ပျားရည်အမျိုးအစားများတွင် နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ ဇီးပျားရည်၊ လိုက်ချီး ပျားရည်များပါဝင်ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ပျားမွေးမြူသူဦးရေ ၉၀၀ ခန့်ရှိကာ ပျားအုံပေါင်း နှစ်သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။

ပြည်ပသို့ ပျားရည်အများဆုံး တင်ပို့သည့် လများမှာ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ (၃)လဖြစ်သည်။

ပြည်တွင်း၌ တစ်နှစ်လျှင် စုစုပေါင်း ပျားရည်မက်ထရစ်တန်ချိန် ၄၀၀၀ ကျော်ထွက်ရှိပြီး ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့လျက်ရှိကာ ကျန် ၄၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌ စားသုံးခြင်းနှင့် ဆေးဝါးထုတ်လုပ်ငန်းများတွင် အသုံးပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ပျားရည်ကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အများဆုံးထွက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း ပျားရည်များထွက်ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ (၁၀) လတာကာလအတွင်း ပြည်တွင်းမှထွက်ရှိသော ပျားရည်မက်ထရစ် တန်ချိန် ၁၇၀၀ ကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

ယင်းကာလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် ၁၇၂၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၈၉ သန်း ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here