တောင်ကိုရီးယား၌ ဆန္ဒပြဆရာဝန်များ ကိုလိုင်စင်ရုပ်သိမ်း

0
150

ဆိုးလ်၊မတ် ၅

တောင်ကိုရီးယား၌ အစိုးရ၏ ဆေးကျောင်းသားအရေအတွက် ကိုတိုးမြှင့်လက်ခံခြင်းကြောင့် ဆန္ဒပြကာ လုပ်ငန်းခွင်မဝင်ဘဲနေနေသည့် ဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင်များကို စတင်ပိတ်သိမ်းနေပြီဖြစ်ကြောင်း မတ်လ ၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် ဆန္ဒပြဆရာဝန်များအား ဖေဖော်ဝါရီ ၂၉ ရက်နောက်ဆုံးထားပြီး လုပ်ငန်းခွင်သို့ပြန်မဝင်ပါက ပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ကြောင်း၊ တရားရင်ဆိုင်ရခြင်း သို့မဟုတ် ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခြင်းများ ပြုလုပ်နိုင် ကြောင်း သတိပေးထားခဲ့သည်။

အစိုးရသည် လုပ်ငန်းခွင်ပြန်ဝင်ရန်ငြင်းဆိုခဲ့သည့် အလုပ်သင်ဆရာဝန်ပေါင်း ၇,၈၀၀ ဦးအား အင်္ဂါနေ့ကစ၍ လိုင်စင်အသိမ်းခံရနိုင်ကြောင်း အကြောင်းကြားထားသည်ဟုလည်း ဒုတိယကျန်းမာရေးဝန်ကြီး ပက်ခ်မင်ဆိုကပြောကြားခဲ့သည်။

ယင်းသို့လိုင်စင်များပိတ်သိမ်းခံရနိုင်သည်ဟုသတိပေးထားသော်လည်း တောင်ကိုရီးယားမှဆန္ဒပြဆရာဝန်များသည် လုပ်ငန်းခွင်သို့ပြန်မဝင်သေးဘဲ ဆက်လက်ဆန္ဒထုတ်ဖော်နေကြဆဲဖြစ်သည်။လက်ရှိအချိန်အထိ လုပ်ငန်းခွင်ပြန်မဝင်သေးသူ ၉,၀၀၀ ကျော်ရှိသည်ဟုလည်းသိရသည်။

ဆရာဝန်များဆန္ဒပြသဖြင့် ဆေးရုံများ၌ အကျပ်အတည်းများဖြင့်ရင်ဆိုင်နေရကာ အရေးကြီးကုသရန်လိုအပ်သူများနှင့် အရေးပေါ်ခွဲစိတ်ကုသမှုလုပ်ဆောင်ရန်လိုအပ်သူများအတွက် အခက်အခဲဖြစ်ပေါ်နေကြရပြီး ‌ေ-သဆုံးသူများလည်းမြင့်တက်လာသည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်/အာရ်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here