ဥပုသ်လမတိုင်ခင် အပစ်အခတ်ရပ်စဲရေးအားလက်ခံရန် ဟားမတ်စ်ကိုသမ္မတဘိုင်ဒင်တိုက်တွန်း

0
130

ဝါရှင်တန်၊မတ် ၆

ဟားမတ်စ်အဖွဲ့ဘက်မှ ၎င်းတို့အ‌နေဖြင့် အပစ်အခတ်ရပ်စဲရေးအားလက်ခံရန် မသေချာသေးကြောင်းပြောကြားခဲ့သဖြင့် မွတ်ဆလင်လူမျိုးများ၏ ဥပုသ်လမတိုင်မီ အပစ်အခတ်ရပ်စဲရေးအား လက်ခံရန် ဟားမတ်စ်အဖွဲ့အား ကန်သမ္မတဘိုင်ဒင်ကတိုက်တွန်းခဲ့သည်။

ဂါဇာအား အငတ်ဘေးခြိမ်းခြောက်နေချိန်တွင် အမေရိကန်နှင့်ဂျော်ဒန်လေယာဉ်များသည် အီဂျစ်၊ပြင်သစ်တို့နှင့်ပူးပေါင်းကာ စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး ဝိုင်းပတ်ပိတ်ဆို့ခံထားရ‌သောလူပေါင်း ၂ ဒသမ ၄ သန်း၏နယ်မြေအတွင်းသို့ ရိက္ခာအကူအညီများထပ်မံချပေးခဲ့သည်။

အမေရိကန်နှင့်ဟားမတ်စ်သံတမန်များသည် မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင်ကျရောက်မည့် မွတ်ဆလင်လူမျိုးတို့၏ ရာမာဒန်ဥပုသ်လမတိုင်မီ အပစ်အခတ်ရပ်စဲရေးအားလက်ခံရန်နှင့် ဓ-ါးစာခံများလွတ်မြောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန် အီဂျစ်နှင့်ကာတာတို့နှင့်အတူ ကိုင်ရိုတွင်ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။

ကုလသမဂ္ဂသည်လည်း ဂါဇာ၌ အငတ်ဘေးကြုံရမည့်အခြေအနေသည် ရှောင်လွှဲရနိုင်တော့မည်မဟုတ်ကြောင်း ‌သတိပေးစကားပြောကြားခဲ့သေးသည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူပေါင်း ၁,၁၆၀ ခန့် ‌ေ-သဆုံးခဲ့ပြီး အများစုမှာအရပ်သားများဖြစ်ကာ လူပေါင်း ၂၅၀ ခန့် ဓ-ါးစာခံအဖြစ် ဖမ်းဆီးခံထားရသည်ဟုယူဆရကြောင်းလည်းဆိုခဲ့သည်။ဂါဇာ၌ ဓ-ါးစာခံ ၁၃၀ ကျန်ရှိနေဆဲဖြစ်ပြီး ၃၁ ဦး ‌ေ-သဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။

အစ္စရေး၏စစ်ရေးတုံ့ပြန်မှုကြောင့်လည်း ဂါဇာ၌ ‌ေ-သဆုံးသူ ၃၀,၄၁၀ ဦးအထိရှိလာကာ အများစုမှာ အမျိုးသမီးများနှင့်က-လေးငယ်များဖြစ်ကြောင်း ဟားမတ်စ်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here