သင်္ဃန်းကျွန်းတွင် အငှားယာဉ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိရာမှ ဘေးတွဲဆိုင်ကယ်သမား ထိခိုက်ဒဏ်ရာရ

0
137

ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အငှားယာဉ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိရာမှ အသက် (၄၀) အရွယ် ဘေးတွဲဆိုင်ကယ်မောင်းသူ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။          

မတ်လ (၅)ရက်၊ ည (၈)နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ၊ (ဃ)ရပ်ကွက်၊ လွတ်လပ်ရေး လမ်းမပေါ်တွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကူအညီ တောင်းခံမှုကြောင့် အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်ကြောင့် ဦးခေါင်းထိခိုက် မျက်ရိုးကွဲလူနာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် အသက် (၄၀)နှစ်အရွယ် အမျိုးသား တစ်ဦးအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here