ရွာငံ ညောင်ထောက်ကွေ့၌ ယာဉ် တိမ်းမှေ-ာက်ရာ ယာဉ်ပေါ်ပါ (၆)ဦး အသက်ဆုံးရှုံး

0
171

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့၊ ညောင်ထောက်ကွေ့၌ ယာဉ်တစ်စီး မတော်တဆ တိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄) ဦး အသက်ဆုံးရှုံးခဲ့ရပြီး က-လေးငယ် တစ်ဦးအား ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။    

မတ်လ (၅)ရက်၊ နေ့လယ် (၂)နာရီအချိန်ခန့်က ရွာငံမြို့၊ မြို့ကြီးနှင့် ပခန်းကြားရှိ ညောင်ထောက်ကွေ့၌ ယာဉ်တစ်စီးမှာ မောင်းနှင်လာစဉ် မတော်တဆဖြစ်ပြီး လမ်းဘေးသို့ထိုး-ကျသွားခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း) မှ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ‌ေ-သဆုံးသူများထဲတွင် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက် မြင့်ဘော်ဒါဆောင်မှ ဆရာမ ဒေါ်မြင့်မြင့်ရီနှင့် ဟိုပုံးမြို့မှ (၅)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် က-လေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ရုပ်အလေ-ာင်းများကို ရွာငံ၊ ဟိုပုံး လူမူကူညီရေးအသင်းနှင့် ပူးပေါင်းကာ ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here