ကမ္ဘာအေးဘုရား မုဒ်ဦးရှေ့တွင် ယာဉ်(၃)စီးဆင့်တို-က်မှုဖြစ်ပွားပြီး အမျိုးသမီး (၁)ဦးနှင့် က-လေးငယ် (၁)ဦးတို့ ထိခိုက်ဒဏ်ရာရ

0
174

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယာဉ် (၃)စီးဆင့်တို-က်မိမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၁)ဦးနှင့် က-လေးငယ် (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အနီးနားဝန်းကျင်ရှိသူများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မတ်လ (၆)ရက်၊ နံနက် (၉)နာရီ (၂၀)မိနစ်အချိန်ခန့်တွင် ကမ္ဘာအေးဘုရားမုဒ်ဦးဝရှေ့ ယာဉ် (၃) စီးဆင့်တို-က်မှုဖြစ်ပွားကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“မနက်က အလုပ်သွားတော့ ယာဉ်တို-က်မှုဖြစ်တာ တွေ့လိုက်တယ်။ အလယ်က တက္ကဆီက ပလက်ဖောင်းပေါ် ရောက်နေတာ ကားတွေ တော်တော်လည်း ပျက်စီးနေတာ တွေ့လိုက်တယ်။ အဲဒီနားက အလုပ်သွားရင် ဖြတ်နေကျလေ”ဟု ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အသက် (၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၆) နှစ်အရွယ်က-လေးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် မြေပြင်ဆေးကုသပြုစုပေးပြီး မြောက်ဥက္ကလာဆေးရုံသို့ မြန်မာ့ကြယ်ဖြူ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo – မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)


LEAVE A REPLY

Please enter your comment!
Please enter your name here