ပြင်ပရွှေဈေး သိန်း (၄၀) ကျော်ထိရှိလာပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးပါ တစ်ကျပ်သား (၃၈)သိန်းနီးပါးရှိလာ

0
206

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစ၍ တရိပ်ရိပ်မြင့်တက်လာသည့် ပြည်တွင်း အခေါက် ရွှေဈေးနှုန်းမှာ ယနေ့ မတ်လ (၆) ရက် ညနေပိုင်းတွင် တစ်ကျပ်သား သိန်း ၄၀၀၃၀၀၀ ကျပ်သို့ရောက်ရှိလာပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်ဈေးနှုန်းမှာလည်း တစ်ကျပ်သား (၃၇၉၇၉၀၀) သိန်းသို့ ရောက်ရှိလာသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အစပိုင်းတွင် တစ်ကျပ်သား (၃၈) သိန်းကျော်သာ ရှိခဲ့ရာမှ (၃၉) သိန်းအထက် တဖြေးဖြေးမြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ယနေ့ ဈေးကွက်အတွင်း၌ တစ်ကျပ်သား သိန်း ၄၀ ကျော်အထိမြင့်တက်လာခြငဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာ ယနေ့ မတ်လ (၆) ရက် နေ့လယ်ပိုင်းဈေးတွင် ရန်ကုန်ရွှေအသင်း၏ ထုတ်ပြန်ချက်အရ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၂၁၂၇ ဒေါ်လာ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သား ၃၇၉၇၉၀၀ ကျပ်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၁) ရက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် တစ်ကျပ်သား ၃၉၂၅၀၀၀ ကျပ်သာ ရှိခဲ့ရာမှ (၅) ရက်အတွင်း ၇၈၀၀၀ ကျပ်ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်သ ည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့ရွှေဈေးအကျဘက်သို့ ရောက်နေသည့်အတွက် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အကျဘက်သို့ ပြန်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် မတ်လ (၁)ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၅ ဒေါ်လာရှိခဲ့ပြီး ယနေ့မတ်လ (၆) ရက်တွင် တစ်အောင်စ ၂၁၂၇ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ရွှေဈေးမြင့်တက်နေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်း ပိတ်ထားသည့်အတွက်ဆက်သွယ်၍ မရခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here