ရန်ကုန်ဆေးရုံကြီးအပါအဝင် ဆေးရုံစာဖြေဌာန (၄)ခု ဖွင့်လှစ်ထားမည်

0
237

ဆေးရုံတတ်ရောက် ကုသနေရသည့် ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံအပါအဝင် ဆေးရုံစာဖြေဌာန (၄) ခု ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် စာစစ်ဌာနဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ယင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကျောင်းသာကျောင်းသူများအနေဖြင့်ဆေးလူမှုဆက်ဆံရေးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့န ယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားထားသည်။

ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်တွင် မြန်မာစာ၊ မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃)ရက်တွင် သင်္ချာ၊ မတ်လ (၁၄)ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို (၆) ဘာသာလုံးနားရက်မရှိဆက်တိုက် ဖြေဆိုရမည်ဖြစ်ပြီး မတ်လ(၁၇ ) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေး သိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည် ဖြစ်သည်။

တိုင်းဒေသကြီး၊ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် ၎င်းတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ (၂၇ ) ရက်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here