ဟူသီများ တိုက်ခိုက်ခဲ့သည့် ရေနံတင်သင်္ဘောသည် အမေရိကန်သင်္ဘောမဟုတ်ကြောင်း အိမ်ဖြူတော်ဆို

0
175

“သူတို့ တိုက်ခိုက်ခဲ့တဲ့ သင်္ဘောဟာ ဘာဘေးဒိုးစ် အလံတင် လိုင်ဘေးရီးယား ပိုင်တဲ့ သင်္ဘောကြီး တစ်စင်းပါ” ဟု အိမ်ဖြူတော် သတင်း အတွင်းရေးမှူး Karine Jean-Pierre က ပြောကြားခဲ့သည်။

ယီမင် အန်ဆာအလ္လာဟ်လှုပ်ရှားမှုမှ ဟူသီလက်နက်ကိုင်များက တိုက်ခိုက်ခဲ့သည့် ရေနံတင်သင်္ဘောသည် အမေရိကန်သင်္ဘောမဟုတ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး Karine Jean-Pierre က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဟူသီသူပုန်တွေဟာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေအပေါ် မဆင်မခြင် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဒီနေ့ သူတို့ တိုက်ခိုက်ခဲ့တဲ့ သင်္ဘောဟာ ဘာဘေးဒိုးစ် အလံတင် လိုင်ဘေးရီးယား သင်္ဘောတစ်စင်း ပိုင်ဆိုင်တဲ့ သင်္ဘောတစ်စင်းသာ ဖြစ်ပါတယ်” ဟု Karine Jean-Pierre က ပြောသည်။

“အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရဲ့ မဆင်မခြင်တိုက်ခိုက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးကို အနှောင့်အယှက်ပေးရုံသာမက ရိုးသားစွာ အလုပ်လုပ်နေကြတဲ့ နိုင်ငံတကာပင်လယ်ပြင်လုပ်သားတွေရဲ့ အသက်တွေကိုပါ ထိခိုက်စေပါတယ်” ဟုလည်း Jean-Pierre က ထည့်သွင်း ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန်ရေတပ်သင်္ဘောတစ်စင်းသာ တိုက်ခိုက်ခံရပါက ဝါရှင်တန်က မည်သို့တုန့်ပြန်လုပ်ဆောင်မည်ကို သတင်းထောက်များက မေးမြန်းရာတွင် “ကျွန်တော်တို့ တုံ့ပြန်တာကို ခင်ဗျားတို့မြင်ဖူးပါတယ်။ သိပ်မကြာသေးခင်က အမေရိကန်တပ်အဖွဲ့ဝင် သုံးယောက် ‌ေ-သဆုံးတုန်းက ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာကို ခင်ဗျားမြင်ခဲ့ပြီးဖြစ်ပါတယ်”ဟု အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူးက ပြန်လည်ဖြေကြားခဲ့သည်။

ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများ ပြင်းထန်လာပြီးနောက်၊ ဟူသီများက အစ္စရေးတိုနှင့် ဆက်နွှယ်သည့် သင်္ဘောများကို ပင်လယ်နီနှင့် Bab el-Mandeb ရေလက်ကြားအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ပြီး အကယ်၍ ဖြတ်သန်းသွားလာပါက တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်ကတည်းကစတင်၍ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တွင် ဖြတ်သန်းသွားလာသော အရပ်ဘက်သင်္ဘော ဒါဇင်ပေါင်းများစွာကို အစ္စရေးတို့နှင့်ဆက်နွှယ်သည့် သင်္ဘောများဟု စွပ်စွဲကာ ဟူသီတိုက တိုက်ခိုက်ခဲ့သည်။

ဟူသီတို့ကို တုံပြန်သည့်အနေဖြင့် အမေရိကန်အာဏာပိုင်များသည် ပင်လယ်နီအတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် သင်္ဘောများကို အကာအကွယ်ပေးနိုင်ရန် မျှော်လင့်ထားသည့် Prosperity Guardian ဟု အမည်ပေးထားသော စစ်ဆင်ရေးအတွက် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ဇန်နဝါရီ ၁၂ ရက်တွင် အမေရိကန်နှင့် ဗြိတိန်လေယာဉ်များ၊ သင်္ဘောများနှင့် ရေငုပ်သင်္ဘောများသည် ယီမင်နိုင်ငံရှိ Sana’a နှင့် Hodeidah အပါအဝင် ယီမင်မြိုအများအပြားရှိ ဟူသီတို၏ အန်ဆာအလ္လာဟ်လှုပ်ရှားမှုနှင့်ပတ်သက်သော ပစ်မှတ်များကို ကနဦးတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဒုံးကျည်ပစ်လွှတ်သည့်နေရာများနှင့် မောင်းသူမဲ့လေယာဉ်များအပြင် ဟူသီတို့၏ ရေဒါစခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here