ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဟု ရုရှား ပြောဆို

0
189

ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့မှု သံသယနဲ့ ရုရှားတပ်မှူးနှစ်ဦးအပေါ် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းအား ရုရှားနိုင်ငံက အသိအမှတ်မပြုဘူးလို့ ကရင်မလင်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ယူကရိန်း လျှပ်စစ်အခြေခံအဆောက်အအုံကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့မှုအတွက် ရုရှားတပ်မှူးတွေဖြစ်တဲ့ ဆာဂေး ကိုဘီလက်ရှ်နဲ့ ဗစ်တာ ဆိုကိုလော့ဗ်တို့နှစ်ဦးကို ဖမ်းဝရမ်းထုတ်ကြောင်း ICC က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ICC စတင်ဖွဲ့စည်းရာ Rome Statute မှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ဝရမ်းထုတ်မှုတွေကို မော်စကိုက အသိအမှတ်မပြုဘူးလို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောဆိုခဲ့ပါတယ်။

ယူကရိန်းက-လေးငယ်တွေကို အဓ-မ္မခေါ်ဆောင်မှုနဲ့ ICC ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရုရှားကလေးသူငယ်များ ကော်မရှင်နာ မာရီယာ လာဗိုဗာ ဘီလိုဗာတို့ကိုလည်း ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။

ယင်းအချိန်ကလည်း အဆိုပါ ဝရမ်းတွေကို ကရင်မလင်က ပယ်ချခဲ့ပါတယ်။ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း မရှိဘူးလို့ ရုရှားက ငြင်းဆိုခဲ့ပြီး ICC ရဲ့ ဖမ်းဝရမ်းတွေဟာ ရုရှားကို သိက္ခာကျစေဖို့ အနောက်တိုင်းရဲ့ သြဇာသုံးဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: Times of India


LEAVE A REPLY

Please enter your comment!
Please enter your name here