ဆန္ဒပြမှုနှင့်ပတ်သက်၍ ကိုရီးယားရဲများက ဆရာဝန်တစ်ဦးအား စတင်စစ်ဆေးမေးမြန်း

0
175
This picture taken on March 3, 2024 shows Joo Soo-ho (C), a spokesperson of the Korean Medical Association (KMA), speaking to reporters during a mass rally of doctors opposing the government's plans to sharply increase medical school admissions, in Seoul. - South Korean police on March 6, called in a doctor for questioning -- the first to be summoned in connection with a mass walkout by junior medics, which has plunged hospitals into chaos. (Photo by Jung Yeon-je / AFP)

ဆိုးလ်၊မတ် ၆

တောင်ကိုရီးယားမှဆေးရုံများ ကမောက်ကမဖြစ်ခဲ့ရသည့် အငယ်တန်းဆရာဝန်များ၏ အစုလိုက်အပြုံလိုက် ချီတက်ဆန္ဒပြမှုနဲ့ပတ်သက်၍ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့၊မတ်လ ၆ ရက်တွင် စစ်ဆေးမေးမြန်းရန် ဆရာဝန်တစ်ဦးကိုတောင်ကိုရီးယားရဲတပ်ဖွဲ့က စတင်ခေါ်ယူလိုက်ကြောင်းသိရသည်။

လွန်ခဲ့သည့်နှစ်ပတ်ခန့်က တောင်ကိုရီးယားတွင် အလုပ်သင်သင်တန်းသားဆရာဝန်ထောင်ပေါင်းများစွာ သပိတ်မှောက်ခဲ့ကြပြီး အစိုးရ၏ဆေးကျောင်းဝင်ခွင့်ဦးရေကို တိုးမြှင့်မည့် အစီအစဉ်အား ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အစိုးရကမူ ယင်းသို့ လုပ်ငန်းခွင်မှ ထွက်ခွါခြင်းအား တရားမဝင်ကြောင်းပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက် နောက်ဆုံးထား၍ လုပ်ငန်းခွင်ပြန်ဝင်ရန်ညွှန်ကြားထားသော်လည်း ပြန်ဝင်လာခြင်းမရှိသဖြင့်သပိတ်မှောက်ဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင်များကို ဆိုင်းငံ့ထားကာ စည်းရုံးသူများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်တောင်းဆိုထားကြောင်းပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ကိုရီးယားဆေးဘက်ဆိုင်ရာအသင်းမှ ဒေါက်တာ Joo Soo-ho သည် ဆန္ဒပြပွဲများကို ကူညီပံ့ပိုးပေးသည်ဟု စွပ်စွဲခံထားရပြီး ဆိုးလ်မြို့တော် ရဲ တပ်ဖွဲ့ ၌ ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးမေးမြန်းမှုပြုလုပ်ခြင်းခံခဲ့ရသည်။

တောင်ကိုရီးယားရှိ ဆရာဝန်များဆန္ဒပြသဖြင့် ဆေးရုံများ၌ အကျပ်အတည်းများဖြင့်ရင်ဆိုင်နေရကာ အရေးကြီးကုသရန်လိုအပ်သူများနှင့် အရေးပေါ်ခွဲစိတ်ကုသမှုလုပ်ဆောင်ရန်လိုအပ်သူများအတွက် အခက်အခဲဖြစ်ပေါ်နေကြရပြီး ‌ေ-သဆုံးသူလည်းများလာသည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here