ဗန်းမော်မြို့ရှိ စစ်ရှောင်ပြည်သူများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေ

0
390

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းသို့ ခိုလှုံလာသော ဒေသခံစစ်ရှောင်ပြည်သူများကို မတ်လ(၆)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA)က ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျှက်ရှိကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးသူများထံက သိရသည်။

ယင်းကဲ့သို့ ဆေးဝါးကုသပေးရာတွင် ပေါက်ကုန်းရပ်ကွက်၊ ရိုးကြီးရပ်ရှိ ဆွေမျိုးများထံ ခိုလှုံလာသော စစ်ရှောင် ပြည်သူများကို ကုသပေးလျှက်ရှိကြောင်းနှင့် အခြားသော စစ်ရှောင်စခန်းများရှိ ခိုလှုံစစ်ရှောင်များကိုလည်း ကုသပေးလျက်ရှိကြောင်း သိရသည်။

“ အဓိက ကုသပေးနေရတာက တိုက်ပွဲရှောင်လာစဉ်တုန်းက ဖုန်တွေ အရမ်းရှုခဲ့ရတာကြောင့် ချောင်းဆိုးတာ၊ ရင်ကြပ်တာတွေရှိတယ်။ သက်ကြီးပိုင်းတွေများပါတယ်။ အချို့ကတော့ သွေးတိုးတာ၊ ဆီးချိုဖြစ်တာတွေလည်း ပါတယ်။ ဒီနေ့အားလုံး ခန့်မှန်း လူဦးရေ (၅၀) ကျော်လောက်ကုသမှုလာရောက်ခံယူကြပါတယ်။” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ပန်တိုင်းရွှေမှော်ဘက်မှ ဒေသခံများ နေ့စဉ်ခိုလှုံလာလျှက်ရှိနေပြီး ဗန်မော်-မန္တလေး ကားလမ်းပေါ်ရှိ ကောင်းတုံရွာနှင့် ဟန်ထိပ်ရွာဘက်ရှိ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်မှုများရှိလာကြောင်း သိရသည်။

ဗန်းမော်မြို့နယ်အတွင်းသို့ ခိုလှုံလာသော စစ်ရှောင်အရေအတွက်မှာ လူဦးရေ(၁၀၀၀)ကျော်၊ မံသာစစ်ရှောင်စခန်းတွင် ခိုလှုံနေသော စစ်ရှောင်အရေအတွက်မှာ လူဦးရေ ( ၇၆၅)ဦးခန့် ရှိနေပြီး ယခုထပ်မံ ရောက်ရှိလာသူများနှင့် ပေါင်းမည်ဆိုပါက ဒေသခံ စစ်ရှောင်ပြည်သူ (၂၀၀၀)ဝန်းကျင်တွ င် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- သုညသုခပရဟိတ အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here