သုဝဏ္ဏမီးသတ်စခန်းရှေ့၌ ယာဉ်တိုက်မိမှုဖြစ်ပွားပြီး အတိုက်ခံရသူတွင် ဒဏ်ရာများရ

0
160

ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမီးသတ်စခန်းရှေ့တွင် ယာဉ်တစ်စီးမှ အမျိုးသား တစ်ဦးအား ဝင်ရောက်တိုက်မိကာ မောင်းနှင်ထွက်ပြေးသွားပြီး အတိုက်ခံရသူ အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။

မတ်လ (၆)ရက်၊ ည (၈)နာရီ၊ မိနစ် (၄၀)အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုဝဏ္ဏပရဟိတအသင်းထံ ဖုန်းဆက်အကူအညီတောင်းခံမှုကြောင့် သွားရောက်ကူညီခဲ့ကြောင်း သိရသ ည်။

ဖြစ်စဉ်နေရာအရောက်တွင် ယာဉ်တိုက်ခံရသူ အမျိုးသားမှာ ဦးခေါင်းထိခိုက်ပွန်းပဲ့ ထိခိုက်ဒဏ်ရာများ ရရှိထားသည့်အတွက် မိသားစုဝင်များနှင့် ဆက်သွယ်ပေးပြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးသို့ (အခမဲ့) ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here