AFC Futsal Asain Cup 2024 ပြိုင်ပွဲ မြန်မာအသင်း ထိုင်း၊ ဗီယက်နမ်၊ တရုတ်အသင်းတို့ဖြင့် တစ်အုပ်စုတည်းတွင် ကျရောက်

0
199

AFC Futsal Asain Cup 2024 ပြိုင်ပွဲအား လာမည့် ဧပြီလ (၁၇ )ရက်မှ (၂၈)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာအသင်းအ‌နေဖြင့် အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်အသင်းတို့ဖြင့် တစ်အုပ်စုတည်းတွင် ကျရောက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Huamark Stadium နှင့် Bangkok Arena တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အုပ်စု(၄)စု ခွဲထားပြီး၊ အုပ်စု(က)တွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အလားတူ အုပ်စု(ခ)တွင် ဥဇ္ဇဘတ်ကစ္စတန်၊ ဆော်ဒီအာရေဗီးယား၊ အီရတ်နှင့် ဩစတြေးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကာ၊ အုပ်စု (ဂ)တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကိုရီးယားးနှင့် KYRGYZ Republic အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ထို့အတူ အုပ်စု (ဃ)တွင် အီရန်၊ ကူဝိတ်၊ BAHRAIN နှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here