မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလေ-ာင်း တွေ့ရှိ

0
140

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် လိုင်းခန်းအဟောင်းများ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်‌ေ- သဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလေ-ာင်းတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်များထံမှ သိရသည်။

ယနေ့ မတ်လ (၇)ရက်၊ နေ့လယ် (၁)နာရီ (၀၁)မိနစ်အချိန်ခန့်က မဟာအောင်မြေမြို့နယ် (၃၅) လမ်းနှင့် (၃၆) လမ်းကြား၊ (၆၈)လမ်း၊ ရေနီမြောင်းဘေး၊ကျန်းမာရေးလိုင်းခန်းအဟောင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မဟာအောင်မြေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၅)စီး၊ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ရာ နေ့လယ် (၁)နာရီ (၀၈)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၁)နာရီ (၁၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ဖြစ်စဉ်ကြောင့် မီးလောင်ကျွမ်း ‌ေ-သဆုံးနေသည့် အမျိုးသား အလေ-ာင်း (၁)လေ-ာင်း တွေ့ရှိခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်များထံမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ မီးလောင်မှုအကြောင်းရင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၅) ရက် နံနက်အစောပိုင်းကလည်း အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ (၄)လမ်းနှင့် (၅)လမ်းကြား စည်သာလမ်းတွင် Level – 1 အဆင့်ရှိ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ(၄)ရက် ညနေ (၃)နာရီ (၅၈)မိနစ်အချိန်ကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ (၄၈) လမ်းနှင့် (၄၉) လမ်း မနော်ဟရီလမ်းပေါ်ရှိ ဓါတ်ဆီဆိုင် တစ်ဆိုင် မီးလောင်မှု ဖြစ်ပွားရာ ကျပ်သိန်းသောင်းကျော်တန် ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်းလည်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here