ACK မှ ချမှတ်ပေးသည့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးမည်ဟု မြန်မာသံအမတ်ကြီး ဦးချမ်းအေး ပြောကြား

0
135

ကူဝိတ်အခြေစိုက် အာဆီယံသံရုံးများ၏ ကော်မတီ ဥက္ကဋ္ဌ တာဝန်ကို မြန်မာသံရုံးသို့ လွှဲပြောင်း ပေးအပ်ပြီးနောက် မြန်မာသံရုံးအနေဖြင့် ACK မှ ချမှတ်ပေးသည့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးမည်ဟု မြန်မာသံအမတ်ကြီး ဦးချမ်းအေးက ပြောကြားခဲ့သည်။

ကူဝိတ်အခြေစိုက် အာဆီယံသံရုံးများ၏ ကော်မတီ (ASEAN Committee in Kuwait-ACK) ဥက္ကဋ္ဌ တာဝန်ကို လက်ရှိ ဥက္ကဋ္ဌ ဖြစ်သူ ကူဝိတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Mr. Jose A. Cabrera က မြန်မာသံအမတ်ကြီး ဦးချမ်းအေးအား မတ်လ (၅)ရက်က လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ACK ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ဖိလစ်ပိုင်သံအမတ်ကြီး၏ ACK လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းခဲ့မှုကို မြန်မာသံအမတ်ကြီးက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အာဆီယံအတွင်း ဘုံအကျိုးစီးပွား တိုးမြှင့်လုပ်ဆောင်ရာတွင် စည်းလုံးညီညွတ်မှုရရှိရန် အရေးကြီးကြောင်း၊ မြန်မာသံရုံးအနေဖြင့်လည်း ACK မှ ချမှတ်ပေးသည့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here