MNL League Cup 2024 ပြိုင်ပွဲ ယမန်နေ့ ပွဲစဉ်များအပြီး အုပ်စုအလိုက် အမှတ်ပေးဇယား ရပ်တည်မှုစာရင်းများထွက်ပေါ်

0
175

MNL League Cup 2024 ပြိုင်ပွဲ ယမန်နေ့ မတ်လ (၆) ရက် ပွဲစဉ်များအပြီး အုပ်စုအလိုက် အမှတ်ပေးဇယား ရပ်တည်မှုစာရင်းထွက်ပေါ်လာခဲ့သည်။

အဆိုပါ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အုပ်စု‌(၄)စုခွဲထားပြီး၊ တစ်အုပ်စုလျှင် အသင်း(၅)သင်းပါဝင်ကာ အသင်းပေါင်း(၂၀)သင်း ယှဉ်ပြိုင်ကစားနေကြခြင်း ဖြစ်သည်။

အုပ်စု(A)တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ မဟာယူနိုက်တက်၊ GFA အသင်း၊ University အသင်း၊ ရွှေပြည်သာယူနိုက်တက်အသင်းတို့ပါဝင်ကာ အုပ်စုအဆင့်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ်(၆)မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။

အုပ်စု (B)တွင် ရှမ်းယူနိုက်တက်အသင်း၊ ကချင်ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်နှင့် Glory Goal အသင်းတို့ ပါဝင်၍ ရှမ်းယူနိုက်တက်အသင်းက ရမှတ် (၆)မှတ်ဖြင့် အုပ်စုအဆင့်အမြင့်ဆုံးတွင် ရပ်တည်နေသည်။

အလားတူ အုပ်စု(C)တွင် ဟံသာဝတီယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊ Dragon Port အသင်း၊ Silver Ster အသင်းတို့ ဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ်(၆)ဖြင့် ရပ်တည်နေသည်။

ထို့အပြင် အုပ်စု (D)တွင် အား/ကာသိပ္ပံအသင်း၊ ရတနာပုံအသင်း ၊ မြဝတီအသင်း၊ သစ္စာအားမာန်အသင်းနှင့် အာရက္ခပူရယူနိုက်တက်အသင်းတို့ ဖြစ်ပြီး၊ အား/ကာသိပ္ပံအသင်းက ရမှတ်(၄)မှတ်ဖြင့် အုပ်စုအဆင့် ထိပ်ဆုံးတွင်အသီးသီး ရပ်တည်နေကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here