ဂါဇာ၌ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေရှိဟု အမေရိက ဆို

0
148

ဂါဇာ၊မတ် ၇

ဂါဇာကမ်းမြောင်ဒေသရှိ အပစ်အခတ်ရပ်စဲရေးနှင့်ဓ-ါးစာခံများ လွှတ်ပေးရေးဆွေးနွေးပွဲများအတွက် ဟားမတ်စ်နှင့်အစ္စရေးတို့အကြား သဘောတူညီချက်တစ်ရပ်ရရှိနိုင်သေးကြောင်း အမေရိက က မတ်လ ၆ ရက်နေ့ တွင်ပြောကြားခဲ့သည်။

အစ္စရေး – ဟားမတ်စ်အကြား ညှိနှိုင်းပေးနေသည့် ကာတာနှင့်အီဂျစ်တို့မှ စေ့စပ်ညှိနှိုင်းသူများသည် လာမည့်သီတင်းပတ်အစောပိုင်းတွင်စတင်မည့် မွတ်ဆလင် ဥပုသ်လအတွက် ရက်ပေါင်း ၄၀ အပစ်အခတ်ရပ်စဲရေးကို အချိန်မီရရှိရန်လည်းကြိုးပမ်းနေကြသည်။

တောင်အာဖရိကကမူ အစ္စရေးသည် ဂါဇာ၌ လူ-မျို-းတုံးသ-တ်-ဖြ-တ်မှုကျူးလွန်‌နေသည်ဟုစွပ်စွဲကာ သည်ဟိတ် ရှိ အိုင်စီဂျေတွင် ဇန်နဝါရီလက အမှုကိုတင်သွင်းခဲ့ပြီး ပါလက်စတိုင်းအရပ်သားများ ငတ်မွတ်မှုနှင့်ရင်ဆိုင်နေရသောကြောင့် စစ်ပွဲများရပ်တန့်ရေးအပါအဝင် အရေးပေါ်အစီအမံအသစ်များချမှတ်ရန် လည်း ဗုဒ္ဓဟူးနေ့ကတောင်းဆိုခဲ့သည်။

Al Shifa နှင့် Kamal Adwan ဆေးရုံများတွင် ဗုဒ္ဓဟူးနေ့က အသက် ၁၅ နှစ်နှင့် ၇၂ နှစ်အရွယ် ပါလက်စတိုင်းပြည်သူနှစ်ဦးသည် ရေဓာတ်ခန်းခြောက်မှုနှင့်အာဟာရချို့တဲ့မှုကြောင့် ‌ေ-သဆုံးခဲ့ရပြီး တစ်ပတ်အတွင်း‌ေ-သဆုံးသူ ၂၀ ဦးအထိ တိုးလာကြောင်းလည်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ပါလက်စတိုင်းဘက်မှရပ်တည်ကာ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့များ၌ ဖြတ်သန်းသွားလာနေသည့်သင်္ဘောများကို တိုက်ခိုက်မှုပြုလုပ်နေသည့် အီရန်နောက်ခံပြု ဟူသီတို့ကြောင့်လည်း အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ယခုထက်ပိုကျယ်ပြန့်လာမည်ကိုလည်း စိုးရိမ်မှုများမြင့်တက်လာလျက်ရှိသည်။

ဟူသီတို့၏ ယခုနောက်ဆုံးပြုလုပ်သည့်တိုက်ခိုက်မှုအတွင်း ဂရိပိုင်ကုန်တင်သင်္ဘောတစ်စီးအား ထိမှန်ခဲ့ပြီး သင်္ဘောသားအနည်းဆုံး ၃ ဦး ‌ေ-သဆုံးခဲ့ပြီး ကမ္ဘာ့‌ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ သင်္ဘောများအားတိုက်ခိုက်မှုအတွင်း ပထမဆုံးလူအ‌ေ-သအပျောက်ဖြစ်စေခဲ့သည့် တိုက်ခိုက်မှုတစ်ခုလည်းဖြစ်လာခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွက် ဟူသီသူပုန်များအား ဆက်လက်တာဝန်ယူတုန့်ပြန်သွားမည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဌာနကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here