အမေရိကန်ရွေးကောက်ပွဲ ထရမ့်အခြေအနေကောင်းနိုင်မည်လား

0
314

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင် Mitch McConnell က လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ သူ့ပါတီကဒေါ်နယ်ထရမ့် ကို ထောက်ခံမယ်လို့ ဗုဒ္ဓဟူးနေ့ (မတ် ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

“သမ္မတဟောင်း ထရမ့် ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတလောင်းအဖြစ် ရီပတ်ဘလစ်ကန်မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရရှိထားတယ်ဆိုတာ ရှင်းပါတယ်” ဟု McConnell က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရမ့် သမ္မတသက်တမ်းတုန်းက အတူလုပ်ခဲ့သောအရာများကို မီးမောင်းထိုးပြရင်းသူ့ကိုကျနော် ပံ့ပိုးကူညီမယ်ဆိုတာ အံ့သြစရာမဟုတ်ပါဘူးဟုဆိုသည်။

အခြား ကိုယ်စားလောင်းတစ်ဦးဖြစ်သည့် ဟာလေး (ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Nikki Haley) က ဗုဒ္ဓဟူးနေ့ မတ်လ ၆ ရက်နေ့တွင် သူမ၏ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှု ကိုအဆုံးသတ်ရပ်လိုက်ကြောင်း တရားဝင် ကြေညာခဲ့သည်။ဟာလေးအတွက်မဲများကို ဘိုင်ဒင်အားပေးပေးရန် ဟီလာရီကလင်တန်ကနိုးဆော်ထားသည်။

နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် အသက် ၇၀ အရွယ် ကနေဒီ သည် ဘိုင်ဒန်ကို အစပိုင်းတွင် စိန်ခေါ်ပြီးနောက် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်နေသော်လည်းမဲသိပ်မရရှိထားပေ။

ကနေဒီသည် ၁၉၆၈ ခုနှစ်ကလုပ်ကြခံခဲ့ရသော အမေရိကန် အထက်လွှတ်တော်အမတ် Robert F. Kennedy ၏သားဖြစ်သည်။

Ref:wionews


LEAVE A REPLY

Please enter your comment!
Please enter your name here