ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စုတွင် ယနေ့ နံနက် အစောပိုင်းက နေအိမ်များ မီးလောင်မှု ဖြစ်ပွား

0
187

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စုတွင် နေအိမ်များ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ယနေ့ မတ်လ (၈)ရက်၊ နံနက် (၁)နာရီ (၄၀)မိနစ် အချိန်ခန့်က ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စုတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၂)နာရီ (၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုများကို စစ်ဆေးတွက်ချက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ (၂) လတာအတွင်း မီးလောင်ကျွမ်းမှု (၂၅၁)ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ဧရာဝတီ ၊ မကွေး၊ စစ်ကိုင်း ၊ ရှမ်း၊ ကချင် ၊ မွန်၊ တနင်္သာရီ၊ ရခိုင်စသည့် ပြည်နယ်နှင့် တို င်းတို့တွင် အဖြစ်များခဲ့ပြီး ကျန်ဒေသများတွင်လည်း မီးလောင်ကျွမ်းမှုအနည်းငယ်စီ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ထို့ကြောင့် ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ မီးလောင်ကျွမ်းမှုများ လျော့နည်းစေရေး မီးဘေးအန္တရာယ် သတိပြုရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အသိပညာပေးလုပ်ငန်းများကို ဒေသအချို့တွင် လိုက်လံနှိုးဆော်လုပ်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here