မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း – ဂွေးချို – ချောက်ကားလမ်းတွင် ဇီးသီးများ တင်ဆောင်လာသည့် Nissan Canter ယာဉ် (၁)စီး အရှိန်းမထိန်းနိုင်ဘဲ တိမ်းမှော-က်ခဲ့ရာ ယာဉ်ပေါ်ပါ (၆)ဦးအနက် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
မတ်လ (၇) ရက် နေ့လယ် (၂)နာရီ၊ မိနစ် (၄၀) အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ဘူတာရပ်ကွက်တွင် ယာဉ် (၁) စီး အရှိန်းမထိန်းနိုင်ဘဲ တိမ်းမှော+က်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆော င်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း (၆)ဦးအနက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား(၂)ဦးအား သုဂတိရှင်လူမှုကူညီမူအသင်းယာဉ်ဖြင့် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။