စိုက်ပျိုးသီးနှံထွက်ကုန်များအား တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ပြောင်းလဲ၍ ပြည်ပသို့ တင်ပို့ရောင်းချပါက နိုင်ငံခြားဝင်ငွေရရှိမည်ဟုဆို

0
269

စိုက်ပျိုးသီးနှံထွက်ကုန်များ တန်ဖိုးမြင့်ထုတ်ကုန် Value Added များအဖြစ်ပြောင်းလဲကာ ပြည်တွင်း သာမက ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။

ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘ ဝမြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co.,ltd ၏ စားသောက်ကုန် ထုတ်လုပ်မှုစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

စားသောက်ကုန်ထုတ်လုပ်မှု စက်ရုံတာဝန်ခံက ဒေသထွက်ကုန်များဖြစ်သော သရက်သီး၊ ဆီးသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးနှင့် ကော်ဖီစေ့တို့ကို အဆင့်မြင့်ထုတ်ကုန် Value Added များအဖြစ် ထုတ်လုပ်နေမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာနတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရှိပြီး အဆိုပါဌာနမှ ဒေသထွက်ကုန်များအား အဆင့်မြင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်နည်းပညာ သင်တန်းများနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပံ့ပိုးပေးမည်ဖြစ်ပြီး အရင်းအနှီးလိုအပ်ပါက MSME ရန်ပုံငွေ လျှောက်ထားနိုင်ကြောင်း၊ သမဝါယမအသင်းများနှင့် အသင်းစုချုပ်များက သေချာလေ့လာ၍ လိုက်ပါ ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here