ဂျာမနီဝန်ကြီးဌာနက အသုံးပြုသော password မှာ ‘1234’ သာဖြစ်နေ

0
236

ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius ၏ အသံဖိုင်ပါရှိသော လင့်ခ်တစ်ခု၏ စကားဝှက်(password)မှာ 1234 သာဖြစ်နေပြီး၊ ယင်း password ကို ဝန်ကြီးဌာနက သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိလာရသဖြင့် ဂျာမန်မီဒီယာများ၏ ဝေဖန်မှုများမြင့်တက်လာနေလျှက်ရှိသည်။

ယခုတွေ့ရှိရသော သတင်းအချက်အလက်တွင် “ကြားဖြတ်ရယူခြင်းခံထားရသော လေတပ်ဆက်သွယ်ရေးဆိုင်ရာ သတင်းပေါက်ကြားမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး Boris Pistorius ၏ သတင်းထုတ်ပြန်ချက်အသံဖိုင်ကို အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်နိုင်ပါသည်။”ဟုရေးသားထားပြီး အသံဖိုင်ရှိသည့် အင်တာနက် လင့်ခ်အောက်တွင် တိုက်ရိုက် စကားဝှက်- “1234” ဟု ဖော်ပြထားသည်။

ယင်းဖိုင်အတွက် လျှို့ဝှက်ချက် အဆင့်အတန်း အမျိုးအစားခွဲခြားသတ်မှတ်ထားမှုမပါဝင်သော်လည်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနသည် အဘယ်ကြောင့် ဤမျှအားနည်းသော ရိုးရှင်းသည့်စကားဝှက်ကို အရေးကြီးသည့်နေရာတွင် အသုံးပြုနေသနည်းဟု ဂျာမန်မီဒီယာများက မေးခွန်းထုတ်လာကြခြင်းဖြစ်သည်။

password ကို 1234 ဟုသာပေးထားသော အသံဖိုင်တွင် ဂျာမနီကာကွယ်ရေးဝန်ကြီး Pistorius သည် ယူကရိန်းရှိ မဟာမိတ်များ၏ စစ်ဆင်ရေးနှင့်ပတ်သက်၍ စစ်ရေးလျှို့ဝှက်ချက် ပေါက်ကြားမှုနှင့်ပတ်သက်၍ စစ်တပ်အရာရှိများအနေဖြင့် စိုးရိမ်မှုများကို ဖြေဖျောက်ရန် ပြောကြားထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here