တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရက်များအတွင်း မီးသတ်ယာဉ်များမှာ ခရာမှုတ်မောင်းနှင်မည်ဖြစ်သောကြောင့် ကား၊ ဆိုင်ကယ်များ လမ်းဘေးကပ် မောင်းနှင်ပေးပါရန် တိုက်တွန်းနှိုးဆော်

0
117

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ရက်များအတွင်း မီးသတ်ယာဉ်များမှာ အချက်ပေး ဥသြဆွဲ၍ မောင်းနှင်မည် မဟုတ်ဘဲ ခရာမှုတ်၍သာ မောင်းနှင်မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကား၊ ဆိုင်ကယ်များကို လမ်းဘေးကပ်ပေး၍သော်လည်းကောင်း၊ လမ်းဘေးချ၍ သော်လည်းကောင်း ကူညီပေးကြရန် ပရဟိတအသင်းများမှ တိုက်တွန်းနှိုးဆော်ထားသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁)ရက်မှ မတ်လ (၁၉)ရက်အတွင်း ကျင်းပမည်ဖြစ်ပြီး ယင်းကာလအတွင်း မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးလောင်ပြင်သို့ ထွက်ခွာလာသော မီးသတ်ယာဉ်များမှာ အချက်ပေး ဥသြဆွဲ၍ မောင်းနှင်မည် မဟုတ်ဘဲ မီးလည်တန်း ဖွင့်မောင်းခြင်း၊ ခရာမှုတ်ခြင်း၊ မီးကြီးထိုး မောင်းနှင်ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူနာတင်ယာဉ်များ၊ ကြက်ခြေနီအသင်းမှ လူနာတင်ယာဉ်များမှာလည်း မီးလည်တန်းနှင့် မီးကြီးများ ထိုး၍ မောင်းနှင်မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များ သွားလာရေး လွယ်ကူစေရန် ကား၊ ဆိုင်ကယ်များကို လမ်းဘေးကပ်ပေး၍ သော်လည်းကောင်း လမ်းဘေးချ၍သော်လည်းကောင်း ကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here