စက်သုံးဆီ ဈေးနှုန်းများကျဆင်းလာ

0
131

ယနေ့ မတ် (၈) ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများကျဆင်း‌လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ ၉၂ ဓာတ်ဆီ တစ်လီတာ ၂၇၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တစ်လီတာ ၂၈၃၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၄၈၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၂၅၃၄ ကျပ်ဖြစ်ကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးမှာ ၉၂ ဓာတ်ဆီ တစ်လီတာ ၂၆၈၀ ကျပ်၊ ၉၅ ဓာတ်ဆီ တစ်လီတာ ၂၇၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၄၃၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၂၄၈၀ ကျပ်သို့ ကျဆင်းလာကြောင်း သိရသည်။

ပြည်ပမှ မှာယူထားသည့်စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိကြောင်းလည်း သိရသည်။

စင်ကာပူ၏ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း MOPS ဈေးကျနေသည့်အတွက် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းသည်လည်း အထိုက်အလျောက် ကျဆင်းလာကြောင်း သိရသည်။

အများပြည်သူအနေဖြင့် ကောလာဟသတင်းများကြောင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက်ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူရရှိ‌နိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here