မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်းပြင်ဆင်မှု ပြီးစီးပြီဖြစ်၍ မကြာမီရက်အတွင်း လျှပ်စစ်မီးပြန်လည်ပေးဝေမည်ဟုဆို

0
176

မိုးကောင်း-ဖားကန့် ဆက်သွယ်ထားသော (၆၆)ကီလိုဝပ် ဓာတ်အားလိုင်း ပြင်ဆင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည့်အတွက် မကြာမီရက်ပိုင်းအတွင်း လျှပ်စစ်မီးပြန်လည်ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

လက်ရှိတွင် လျှပ်စစ်မီးပေးဝေရန်အတွက် ဓာတ်အားလိုင်းအား အသေးစိတ် ထပ်မံစမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်း၊ ခြုံနွယ်နှင့် ဝါးပင်များအား ဖားကန့် မှ နန့်ယားအထိ လိုက်လံစစ်ဆေး ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်မီး ပြန်လည်ပေးဝေတော့မည်ဖြစ်သဖြင့် မိမိနေအိမ်အနီးရှိ ထရန်စဖော်မာများ၊ မီးကြိုးများ၊ ဓာတ်မီးတိုင်များတွင် ပျက်စီးပြုပြင်စရာများ တွေ့ရှိပါက ဖားကန့်မြို့နယ်လျှပ်စစ်ရုံးသို့ အကြောင်းကြားပေးရန် အသိပေးထားသည်။

ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသူပြည်သူများအနေဖြင့် မိမိအိမ်တွင် တပ်ဆင်ထားသော မီတာ၏ မီတာအမှတ်၊ မီတာပြယူနစ်၊ မီတာအမည်ပေါက်၊ လိပ်စာ စသည်များအား မီးလာသောအချိန်တွင် ဖုန်းဖြင့် ရှင်းလင်းစွာမြင်ရသော ဓာတ်ပုံ (သို့မဟုတ်) video file (2 minute) စာအားရိုက်ယူ၍ လျှပ်စစ်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဆက်၍ ဖြစ်စေ၊Viber (သို့မဟုတ်) fb messenger စသည်များဖြင့် အချက်အလက်များ ပေးပို့ပါက မီတာခကျသင့်ငွေများကို တွက်ချက် အကြောင်းပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မီတာခကျသင့်ငွေများအား တစ်လုံးတစ်ခဲတည်း ဖြစ်စေ၊အ ရစ်ကျခွဲ၍ဖြစ်စေ ပေးဆောင်နိုင်ကြောင်း ထပ်မံအသိပေးနှိုးဆော်ထားသည်။

ဖားကန်မြို့နယ် ၊ ဝှေခါကျေးရွာအနီး တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် မိုးကောင်း – ဖားကန့် ဓာတ်အားပေးနေသည့်( ၆၆) ကီလိုဝပ် ဓာတ်အားတိုင်များ လက်နက်ကြီးထိမှန်ခဲ့ခြင်းကြောင့် ဖားကန့် မြိုပေါ်ရပ်ကွက်များ၊ ဆိုင်းတောင်၊ လုံးခင်းကျေးရွာများ၌ လျှပ်စစ်မီးပြတ်တောက်မှုများ ယနေ့အချိန်အထိ ဖြစ်ပေါ်‌နေခြင်းဖြစ်သည်။

ဓာတ်ပုံ- ဖားကန်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး


LEAVE A REPLY

Please enter your comment!
Please enter your name here