AFC Women’s Football Day 2024 အမျိုးသမီး ဘောလုံးပွဲတော်ကျင်းပ

0
153

AFC Women’s Football Day 2024 အမျိုးသမီးဘောလုံးပွဲတော်အားမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ ယနေ့ မတ်လ(၈)ရက် နံနက် (၇)နာရီ အချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ဘောလုံးပွဲတော်အား အာရှဘောလုံးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသမီးဘောလုံးပွဲတော်သို့ အခြေခံပညာဦးစီး ဌာနမှ ကျောင်းသူ ဦးရေ (၂၅၀)နှင့် ဆရာ/ဆရာမ ဦးရေ(၄၀)တို့ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသ ည်။

ပွဲတော်တွင် မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်း ကစားသမားများအား အနီအသင်းနှင့်အဖြူအသင်း နှစ်သင်းခွဲကာ သရုပ်ပြခြေစမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်း အမှတ် ဘောလုံးပွဲတော်များအား အာရှဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ နှစ်စဉ်ကျင်းပလျက်ရှိသည်။

အဆိုပါ အမျိုးသမီး ဘောလုံးပွဲတော်သို့ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် မိဘများ၊ ဧည့်သည်တော်များနှင့် ကျောင်းသူများ တက်ရောက် ဆင်နွဲခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here