ရွှေမဉ္ဇူ အင်းတော်ကြီး ရေလယ်ဘုရား၏ (၁၅၅)ကြိမ်မြောက်ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကျင်းပမည်

0
159

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး မြို့ရှိ ရွှေမဉ္ဇူ ရေလယ်ဘုရား၏ (၁၅၅)ကြိမ်မြောက်ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူ ဖွင့်ပွဲအား မတ် လ (၁၇) ရက်(တပေါင်းလဆန်း ၈ ရက်)တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါနှင့် ဒေသအခြေအနေအရ ပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ခြင်းမရှိသော်လည်း အကျဉ်းချုံးအနေဖြင့် ရိုးရာမပျက် ဆွမ်းတော်ကြီးကပ်လှူပွဲကို ကိုဗစ် (၁၉)ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဟု မြို့နယ်သာသနာရေးမှူး ဦးအောင်သူဖြိုးက ပြောသည်။

၂၀၂၄ ခုနှစ် ၊ မတ်လ (၂၄)ရက်၊တပေါင်းလပြည့်နေ့တွင် ဆွ မ်းတော်ကြီးကပ်လှူပွဲတွင် ဆရာတော်/သံဃာတော် ၁၈၀ ပါး နှင့်သီလရှင် ၉၀ ပါး တို့အား သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အင်းပတ်လည်ရှိ ကျေးရွာများမှ ရွာ သူ/ရွာသားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများက ဆွမ်းဆန်တော်များလောင်းလှူသွားမည်ဖြစ်သည်။

“ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း(၈) ရက်ကနေ တပေါင်းလပြည့်နေ့အထိ အစဉ်အလာမပျက်ကျင်းပခဲ့တယ် ပွဲတော်မှာ ဘုရားဖူးတွေအတွက် အခမဲ့တည်းခိုဖို့နေရာတွေ စီစဉ်ပေးတာကြောင့် လာရောက်တဲ့သူတွေများတယ် ဒီနှစ်ကတော့ အခြေအနေအရပ်ရပ်ကြောင့် အကျဥ်းချုံးပြီး ကျင်းပသွားမှာပါ”ဟု မြို့ နယ်သာသနာရေးမှူးဦးအောင်သူဖြိုးက ပြောသည်။

ယခင်နှစ်အများကတော့ ရွှေမဥ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားပွဲတော်အား ပြည်နယ်နှင့်ခရိုင်တို့မှကြီးမှူး၍ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာအကများ၊ ဇာတ်သဘင်ပွဲများ၊ ရိုးရာအား ကစားပွဲတော်နှင့် လှေလှော်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here