ရခိုင်နှင့် ချင်းပြည်နယ် တို့တွင် နေရပ်ရှောင် ပြည်သူတစ်သိန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOHCA အသိပေးထုတ်ပြန်

0
149

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်
ပလက်ဝမြို့နယ်တို့တွင် ဒေသခံနေရပ် စွန့်ခွာသူဦးရေ (၁၄၈,၅၀၀) ခန့်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ အာရှပစိဖိတ်ဆိုင်ရာ အပတ်စဉ် အကျဉ်းချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ နေရပ်စွန့်ခွာသူ အရေအတွက်သည် ယမန်နှစ် နိုဝင်ဘာလမှ ယနေ့အချိန်အထိ နေရပ်စွန့်ခွာနေရသူများ၏ စာရင်းဖြစ်ပြီး နိုင်ငံတစ်ဝန်း၌ လူဦး‌ေရ ၂ ဒသမ ၇ သန်းကျော် နေရပ်စွန့်ခွာတိမ်း‌ရှောင်နေကြရဆဲ ဖြစ်ကြောင်းလည်း ယင်း အစီရင်ခံစာက ဆိုသည်။

ရခိုင်ဒေသတွင်း တိုက်ပွဲများသည် မြို့တော် စစ်တွေအနီးတဝိုက်အထိ ကူးစက်ပျံ့နှံ့လာနေပြီး စစ်တွေဒေသခံအချို့ပါ နေအိမ်စွန့်ခွာထွက်ပြေးနေရသည့် အခြေအနေရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

AA စတင်ထိုးစစ်ဆင်မူကြောင့်တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့တို့အကြားက အလွတ် သဘော အပစ်အခတ်ရပ်စဲရေးသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်တွင်ပျက်ပြယ်ခဲ့အပြီး ဒေသတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။

နိာင်ငံတစ်ဝန်း၌ တိုက်ပွဲများကြောင့် ယခု ၂၀၂၄ ခုနှစ်အတွင်း လူပေါင်း ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း UNOCHA က မတ်လ (၃)ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here