ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်းများ တရုတ်မှ အဝယ်လိုက်နေသည့်အတွက်ပြန်လည်မြင့်တက်လာ

0
125

တရုတ်အဝယ်လိုက်ခြင်းကြောင့် ပို့ကုန်ပဲများနှင့် နှမ်းဈေးများ ပြန်လည်မြင့်တက်လာကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပို့ကုန်မူဝါဒ အပြောင်းအလဲသတင်းများကြောင့် ဈေးကျဆင်းနေသည့် မတ်ပဲ၊ ပဲစင်းငုံ ဈေးပြန်မြင့်တက်လာပြီး နှမ်းမျိုးစုံနှင့် မြေပဲဆံ ဈေးလည်းတရုတ်လိုင်းအဝယ်ကောင်းလာခြင်းကြောင့် မြင့်တက်လာကြောင်း သိရသည်။

မတ်လ (၇)ရက် ဈေးနှုန်းများအရ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးဖြစ်လာကြောင်း သိရသည်။

ထို့အပြင် ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး မတ် ၇ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၁၀၀၀၊ ကုလားပဲ V7 တစ်အိတ် လျှင် ငွေကျပ် ၂၅၃၀၀၀၊ ထိုင်ဝမ် ကု လားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ် ငွေကျပ်၂၄၁၀၀၀ ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ အသစ်ဝင်ရောက်မှုများလာခြင်းကြောင့် ဈေးကျဆင်းပြီး ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၉၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၃၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၉၅၀၀၀၊ ကနေဒါစား တော်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၄၂၀၀၀ ပေါက်ဈေးရှိပြီး တရုတ်လိုင်းအဝယ်ရှိလာခြင်းကြောင့် မြေပဲအနီလုံး ဆံ (မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ မှ ၈၄၀၀ ဈေးမြင့် တက်လာကြောင်း သိရသည်။

အလားတူ နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ အသီးသီး ပေါက်ဈေးရှိလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here