မကွေးတိုင်းသို့ ပြည်ပခရီးသွားများ ပိုမိုလာရောက်စေရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးပြော

0
115

မကွေးတိုင်းဒေသကြီးသို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ဈေးကွက်မြှင့်တင် ကြော်ငြာရေး လုပ်ငန်းများကိုလည်း အွန်လိုင်းမီဒီယာများမှတဆင့် ကျယ်ပြန့်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို မတ် (၇) ရက် နံနက်ပိုင်းတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ဆောင်မှုကောင်းမွန်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းများ ဖြစ်စေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်းလည်း ၎င်းက‌ဆိုသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ခရီးသွားများ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်သော လှုပ်ရှားမှုများကို ပေါင်းစပ်ပြီး ခရီးစဉ်များ ရေးဆွဲဖော်ဆောင်ကြရန်လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဘုရားဖူးခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် အခြားခရီးသွားလုပ်ငန်း အမျိုးအစားများကို ဖော်ဆောင်နိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားထုတ်ကုန်များ၊ ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်ရောက်ရှိမှု အခြေအနေများ၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်ကိစ္စရပ်များကိုဆွေးနွေး ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here