လှိုင်သာယာတွင် ဘေးတွဲဆိုင်ကယ်နှင့် ကုန်တင်ယာဉ်တို့ တို-က်မိရာ ကိုရင်တစ်ပါးနှင့် သီလရှင်တစ်ပါး ပျံလွန်တော်မူ

0
250

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) တွင် ဘုန်းကြီးတစ်ပါး အပါအဝင် ကိုရင်လေးနှင့် သီလရှင်(၂)ပါး လိုက်ပါစီးနင်းလာသည့် ဘေးတွဲသုံးဘီးယာဉ်နှင့် ကုန်တင်ယာဉ်တို့ တို-က်မိမှု ဖြစ်ပွားရာ ကိုရင်လေးတစ်ပါးနှင့် သီလရှင်ဆရာလေးတစ်ပါးတို့ ပျံလွန်တော်မူခဲ့ပြီး သီလရှင်လေး တစ်ပါးမှာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

မတ်လ (၈)ရက်၊ နေ့လယ် (၂)နာရီခွဲအချိန်ခန့်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) မက္ခရာမင်းသားကြီး မောင်ပျိုးလမ်းနှင့် မြတောင်ဝန်ကြီး ဦးမှိုလမ်းထောင့်တွင် ဘေးတွဲသုံးဘီးယာဉ်နှင့် ကုန်တင်ယာဉ်တို့ တို-က်မိမှု ဖြစ်ပွားကြောင်း သတင်းအရ အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“မီးသတ်က မြို့နယ်မှူးက လှမ်းအကြောင်းကြားလို့ ကျွန်တော်တို့က သွားတာပေါ့။ အခင်းဖြစ်ရာ နေရာ ရောက်တော့ ကိုရင်တစ်ပါး၊ ဆရာလေးတစ်ပါးက ပျံလွန်တော်မူသွားတယ်ပေါ့။ နောက် ဆရာလေးတစ်ပါးက ခြေထောက်ပြ-တ်သွားပြီပေါ့။ ဒူးဆစ်အောက်က အရိုးပဲ ကျန်တော့တာ။ အနီရောင်အဆင့်ပေါ့။ အနီရောင် အဆင့်ဖြစ်တော့ သွေ-းတိတ်အောင်လုပ်ပြီး လှိုင်သာယာဆေးရုံပို့တယ်။ အဲဒီကနေ ဒဏ်ရာများတယ်ဆိုပြီး ရန်ကုန်ဆေးရုံကြီးကို ထပ်လွှဲတယ်။ ရန်ကုန်ဆေးရုံကြီးကို ထပ်ပို့ပေးခဲ့ပါတယ်”ဟု မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဘေးတွဲသုံးဘီးယာဉ်တွင် ဘုန်းကြီးတစ်ပါး၊ ကိုရင်လေးတစ်ပါး၊ သီလရှင်လေး နှစ်ပါးလိုက်ပါခဲ့ပြီး ဆွမ်းဆန်စိမ်းအလှူခံ ထွက်လာသည့် အနေထားဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ဒေသခံများထံမှ သိရသည်။

“အားလုံးက လှိုင်သာယာ (၅) သုံးလုံးထဲမှာရှိတဲ့ အောင်မြေချမ်းသာဘုန်းကြီးကျောင်းကလို့ သိရပါတယ်”ဟု မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်းက ဆိုသည်။

ပျံလွန်တော်မူခဲ့သည့် ကိုရင်လေးမှာ အသက် (၇)နှစ်၊ သီလရှင်ဆရာလေးမှာ အသက်(၁၄)နှစ်အရွယ်ဖြစ်ပြီး အနီရောင်အဆင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သီလရှင်ဆရာလေးမှာ အသက် (၉)နှစ်အရွယ်တို့ဖြစ်ကြောင်း သိရသည်။

ပျံလွန်တော်မူခဲ့သည့် ကိုရင်လေးနှင့် သီလရှင်ဆရာလေးကို လိူင်သာယာဆေးရုံသို့ ပို့ဆောင်ထားပြီး အနီရောင်အဆင့် ထိခိုက်ဒဏ်ရာရ အသက် (၉)နှစ်အရွယ် ဆရာလေးကို လှိုင်သာယာဆေးရုံမှ တဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှု ကျူးလွန်သူ ကုန်ကားမောင်းသူကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here