ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထား

0
134

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်းကထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယနဲ့ ဗီယက်နမ် စသည့် အာရှနိုင်ငံများကိုတင်ပို့နေပြီး တရုတ်နိုင်ငံသို့ ၇၅ ရာခိုင်နှုန်းတင်ပို့ထားကြောင်း သိရသည်။

ရော်ဘာကို ပြည်ပသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့်တင်ပို့ခြင်းဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ သိန်းခွဲခန့်အထိ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်ပြီး ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိကာ ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here