သာကေတမြို့နယ်၊ ဝေဇယန္တာမှတ်တိုင်တွင် ကားမှ အနှေးယာဉ်အား တို-က်မိမှုဖြစ်ပွားရာ အနှေးယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံး

0
118

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဝေဇယန္တာလမ်းမထိပ် ဝေဇယန္တာမှတ်တိုင်တွင် ကားတစ်စီးမှ အနှေးယာဉ် တစ်စီးအား တို-က်မိမှုဖြစ်ပွားရာ အနှေးယာဉ်မောင်း အသက် (၆၅)နှစ်အရွယ် အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

မတ်လ (၉)ရက်၊ နံနက် (၆)နာရီ၊ (၁၀)မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ ဝေဇယန္တာမှတ်တိုင်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရသူရှိကြောင်း ပြည်သူများမှ အကြောင်းကြားချက်အရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။

“ဝေဇယန္တာမှတ်တိုင်မှာ ကားတစ်စီးက အနှေးယာဉ်ကို တို-က်သွားတယ်ဆိုပြီး ပြည်သူတွေ သတင်းပေးလို့ သွားခဲ့တာ။ ဖြစ်စဉ်မှာ အသက်ဆုံးရှုံးသွားရတဲ့ အနှေးယာဉ်မောင်းနှင်သူ ရုပ်အလော-င်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးပြီး ယာဉ်လမ်းကြောရှင်းလင်းပေးတာတွေ လုပ်ပေးခဲ့ပါတယ်။”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ဆိုသည်။

ဖြစ်စဉ်နေရာအရောက် ကားတစ်စီးမှ အနှေးယာဉ် တစ်စီးအား တို-က်မိမှုဖြစ်ပွားကြောင်း သိရပြီး အနှေးယာဉ် မောင်းနှင်သူ အသက်(၆၅)ဝန်းကျင်ခန့် အမျိုးသားမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး အသက်ဆုံးရှုံးသွားရကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးသွားရသော အနှေးယာဉ်မောင်းနှင်သူ အမျိုးသားအား အောင်နိုင်သူလူမှု ကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း၊ ယာဉ်လမ်းကြောရှင်းလင်းပေးခြင်းတို့ကို ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here