ဝေဇယန္တာလမ်းမ ပြည်သာယာမီးပွိုင့်တွင် အိမ်စီးကားနှင့် ဘောက်ကားတို-က်မိပြီး ဘောက်ကားတိမ်းမှေ-ာက်

0
146

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်၊ ပြည်သာယာမီးပွိုင့်တွင် အိမ်စီးကားနှင့် ဘောက်ကားတစ်စီး တို-က်မိမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

မတ်လ(၈)ရက်၊ ည (၁၀)နာရီအချိန်ခန့်က ပြည်သာယာမီးပွိုင့်တွင် ယာဉ် (၂)စီး မတော်တဆ တို-က်မိမှုဖြစ်ပွားပြီး ဘောက်ကား တစ်စီးတိမ်းမှေ-ာက်ကာ လမ်းပေါ် ဒီဇယ်များ ဖိတ်ကျနေကြောင်း သတင်းအရ Medical လူငယ်များ လူမူကူညီရေးပရဟိတအသင်းမှ လူနာတင်ယာဉ် (၂)စီးဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“ လူထိခိုက်မှုမရှိပါဘူး။ BOX ကားကမှေ-ာက်ပြီး ဆီတိုင်ကီကနေ ဆီတွေ လမ်းမပေါ် ဖိတ်ကျနေတာ။ အခြား မိတ်ဖက်ပရဟိတအသင်းတွေနဲ့အတူ ဝိုင်းဝန်းကူညီခဲ့ပါတယ်”ဟု အသင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း ဘောက်ကားမှ တိမ်းမှောက်ပြီး ဆီတိုင်ကီမှ ဆီများဖိတ်ကျကာ လမ်းမပေါ်သို့ ကျနေခြင်းကြောင့် ယာဉ်များ လမ်းချောပြီး ယာဉ်တို-က်မှု မဖြစ်ပွားစေရန်နှင့် နောက်ဆက်တွဲ မီးလောင်မှု မဖြစ်ပေါ်စေရန် ဖိတ်ကျနေသော ဒီဇယ်ဆီများအား သဲများဖုန်းခြင်းနှင့် ယာဉ်လမ်းရှင်းလင်းခြင်းများကို မိတ်ဖက် ပရဟိတအသင်းများနှင့် ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here