KIA နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် သီရိပျံချီ ဦးရွှေမင်း ၏ နာရေး ယနေ့ပြုလုပ်မည်

0
154

မတ်လ (၇) ရက်က ဖြစ်ပွားခဲ့သည့် KIA နှင့် တိုက်ပွဲအတွင်း ‌ေ-သဆုံးသွားသည့် လီဆူပြည်သူ့စစ်ခေါင်းဆောင် သီရိပျံချီ ဦးရွေမင်း၏ နာရေးအခမ်းအနားကို ယနေ့ မတ်လ (၉) ရက် နေ့လယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ကြွင်းကျန်သော ရုပ်ကလပ်ကို မြေချသင်္ဂြိုဟ်ခြင်းနှင့် ကျန် ရစ်သော မိသားစုအတွက် နှစ်သိမ့်ခွန်အားယူ ဆုတောင်းခြ င်း အခမ်းအနားအား ယနေ့ နေ့လယ် (၁၂) နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဖြန့်ဝေထားသည့် နာရေးဖိတ်စာများအရ သိရသည်။

ဦးရွှေမင်းသည် နစကမှ ချီးမြှင့်သည့် သီရိပျံချီဘွဲ့ ရရှိထားသူဖြစ်ပြီး ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံထားရသူတ စ်ဦးလည်း ဖြစ်သည်။

ထို့အပြင် ဒူးလေးပါတီ၏ နာယကအဖြစ်လည်း တာဝန်ယူ ထားသူဖြစ်ပြီး လီဆူပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၇) ရက် နံနက်(၇) နာရီတွင် ဦးရွှေမင်းလိုက်ပါလာသည့် လီဆူပြည်သူ့စစ် ယာဉ်တန်းအား KIA အ ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ‌ေ-သဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် (၅၆)နှစ်ရှိပြီဖြစ်ကြော င်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here