မြစ်ကြီးနားလေဆိပ် တစ်ရက်ပိတ်

0
113

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် မြစ်ကြီးနား လေဆိပ်ကို ယနေ့ မတ်လ (၉) ရက်နေ့တွင်ပိတ်ထားပြီး လေယာဉ်ခရီးစဉ်များ ယာယီရပ်နားထားကြောင်း ဒေသတွင်းခရီးသွားကုမ္ပဏီများထံမှ သိရသည်။

” လေဆိပ်ကတော့ ဒီနေ့က စပြီးပိတ်ထားတယ်။ ဘယ်နေ့ထိပိတ်မလဲဆို‌တာတော့မသိဘူး။ လေယာဉ်ခရီးစဉ်တွေကိုလည်း မနက်ဖြန်အထိ အကုန် cancel လုပ်ထားတယ်”ဟု Kaung Eden Travel မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ (၇) ရက်မှ စတင်ကာ ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ လိုင်ဇာ အပါအဝင် ဒေသအချို့တွင် ဆိုက်ပွဲများ ပြင်းထန်နေပြီး ယနေ့ မတ်လ (၉) ရက် နံနက်အစောပိုင်းတွင် မြစ်ကြီးနားမြို့ အနီးတဝိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရန်ကုန် – မြစ်ကြီးနား လေကြာင်းခရီးစဉ်များအနေဖြင့် MAI ၊ MNA ၊ မန်းရတနာပုံ ၊ AIR KBZ နှင့် မင်္ဂလာလေကြောင်းလိုင်းတို့မှ ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြစ်ကြီးနား လေဆိပ်ပိတ်၍ ခရီးစဉ်များ ယာယီရပ်နားရခြင်းမှာ မှန်ကန်သော်လည်း ယနေ့တစ်ရက်တည်းသာဖြစ်ကြောင်းလည်း အချို့သော ခရီးသွားကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

” KBZ က ဒီနေ့ တစ်ရက်တည်းမထွက်တာ။ မနက်ဖြန် operateလုပ်မယ်၊ဆွဲမယ်လို့ ပြောတယ်။ မန်းရတနာပုံက ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်မထွက်လောက်ဘူး ” ဟု Nice Fare Travel & Tour မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစ်ကြီးနား – ဗန်းမော် ကားလမ်းတလျှာက် တိုက်ပွဲများ ပြင်းထန်နေမှုကြာင့် လမ်းကြောင်းအချို့ ပြတ်တောက်ကာ ပိတ်မိနေသည့် ကားအမြားအပြား ရှိနေ‌ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြစ်ကြီးနား‌လေဆိပ် ယာယီပိတ်လိုက်ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လေဆိပ်တာဝန်ရှိသူများဘက်မှ တစ်စုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း မတ်လ (၇) ရက်ကတည်းက လေဆိပ်အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

အလားတူ ဗန်းမော်မြို့နယ်အတွင်း၌လည်း KIA , PDF ပူးပါင်းတပ်များနှင့် မြန်မာ့တပ်မတာ်အကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် ဗန်းမော်လေဆိပ်ကိုလည်း မတ်လ (၇) ရက်ကပင် ယာယီပိတ်ထား‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here